Sunday, February 15, 2015

အိပ်မက်အရ စည်းမော်ဘုရား မှာ လှူချင်လို့ ဆိုတဲ့ ပခုက္ကူက ဒကာမ

အိပ်မက်အရ တခါမှမသိကျွမ်းဘူးသော ပခုက္ကူမှ အမျိုးသ္မီး သူမ၏နားကပ် ဌာပနာထည့်ချင်သည်ဆိုကာonlineကနေပို့ပြလိုက်
သည့်ရွှေနားဋောင်းလေးပါ

ဖေ့ဘုတ် မှ ကူးယူဖေါ်ပြသည်  





လေးတန်ရိုးရွာ ၆ ရွာ သဘာဝစိမ့်စမ်းရရှိရေး ကျေးလက်ဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေ



မော်လူးဒေသရှိ ကျေးရွာ ခြောက်ရွာသို့ စိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိ
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ကျေးရွာ ၆ ရွာသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန အစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ပံ့ပိုးမှုအစီအစဉ်ဖြင့် မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ပဲခူး၊ ဂွေ့ကြီး၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံ၊ သက်ရင်းသာကျေးရွာများသို့ သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၄င်းသဘာဝစိမ့်စမ်းရေကို ထိုကျေးရွာများမှ ၂ မိုင်ခန့်ကွာဝေးသည့် မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ အရှေ့ဘက်ရှိ သဘာဝမြေသားစိမ့်ထွက်ရေမှ လေးလက်မပိုက်လိုင်းဖြင့် သွယ်ယူမည်ဖြစ်ပြီး ကျေးရွာများအတွင်းသို့ နှစ်လက်မပိုက်များဖြင့် သွယ်တန်းပေးမည်ဖြစ်ကြောင်း၊ ထိုသဘာဝစိမ့်စမ်းရေသွယ်ယူရေးအတွက် ပဲခူး၊ ဂွေ့ကြီးကျေးရွာများအား ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး၊ သက်ရင်းသာ၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံကျေးများကို TEACH FRIEND ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ယင်းသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက်ဆောင်ရွက်နေရာသို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ သွားရောက် ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။

သူရောင်းကျေးရွာ မြေသားစိမ့်ထွက်ရေစုကန်အတွက် သိန်း ၁၆၀ ကျပ်ရရှိမည်



သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေလှောင်ကန်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သူရောင်းကျေးရွာသို့ ဖြန့်ဝေပေးနေသည့် သဘာမြေသားစိမ့်ထွက် ရေစုကန်အား အင်းတော်မြို့နယ် ကျေးလက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၂ နာရီက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
> အဆိုပါ ကွင်းဆင်းကြည့်ရှု့ရာသို့ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ လာရောက်ခဲ့ကြပြီး  သူရောင်းကျေးရွာမှ ၂ မိုင်ခန့်အကွာ စီးမော်ကျေးရွာအုပ် စည်ပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ပေ၊ ရေအနက် ၆ ပေရှိ ရေဂါလံပေါင်း ၁၅၀၀၀၀ ဆန့်သည့် ရေစုအုတ်ရေကန်ကြီးအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။ ၄င်းရေစုကန်မှ သူရောင်းကျေးရွာရှိ နေအိမ်များသို့ ရေများပေးဝေလျှက်ရှိပြီး၊ ရေစုကန်မှ ၄ လက်မပိုက်များဖြင့် ကျေးရွာအရောက် သွယ်ယူထားခြင်းဖြစ်ကြောင်း ထိုရေကန်တွင် လိုအပ်လျှက်ရှိသည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ထောက်ပံ့ငွေအဖြစ် သိန်း ၁၆၀ အား ချမှတ်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးမှူးထံမှ သိရသည်။

ကရင်ကျေးရွာ ဘကကျောင်းသို့ တာဝန်ရှိသူများ ကွင်းဆင်း




> မော်လူးဒေသ၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ တာဝန်ရှိသူများကွင်းဆင်း
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အင်းတော်မြို့နယ်မှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
>
> အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ချမှတ်ပေးထားသော အုတ်ရေကန်ဆောက်လုပ်ရန်အတွက် ငါးသိန်း၊ ရေလောင်းအိမ်သာ ၂ ခန်းတွဲအတွက် ၁၀သိန်း၊ စာသင်ခုံ ၁၀ ခုံအတွက် ၃သိန်း ၅သောင်းတို့ကို ပံ့ပိုးချမှတ်ပေးထားခဲ့သည်။ ထိုသို့ပံ့ပိုးချမှတ်ပေးထားသည့်ငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးသွားခြင်းအား လာရောက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာသို့ ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

မော်လူး အထကတွင် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးသင်တန်းပို့ချ



အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်တင်စာမေးပွဲအတွက် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲအတွက် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းပို့ချခြင်းကို အင်းတော်မြို့၊ မြို့နယ်ပညာရေးမှူး ကိုယ်စား၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်လွင်နှင့် အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ဆရာ/မ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ မော်လူးဒေသအတွင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲကို စာစစ်ဋ္ဌာန ရှစ်ခုခွဲကာ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲတွင် စာမေးပွဲခန်းအား စောင့်ကြပ်ကြရမည့် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ သိသင့်သိအပ်သည့်အချက်အလက်အကြောင်းအရာများကို မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်လွင်မှ ဟောပြောပို့ချခဲ့သည်။ ၂၀၁၄ /၂၀၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာရေးစနစ်အရ အဋ္ဌမတန်းနှင့် စတုတ္ထတန်းများအား အစိုးရစစ်အဖြစ် ပြောင်းလဲလိုက်ပြီး အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မ

ကဲ ကျောင်းသား လို့ပြောနေကြရသူတွေရဲ့  နိဂုံးဆိုးက  စောင့်ကြည့်ကြပါစို့  ----


သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မခံ
Written by မင်းမင်း
------------------------------------------

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လမ်းလျှောက်ချီတက်နေသည့် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းများကို ရပ်နားပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြရန် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ မေတ္တာရပ်ခံချက်ကို လက်ခံမည်မဟုတ်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုလိုက်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှူဦး ဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က “ဆရာတော်ကြီးကို လေးစားတာတော့ တစ်ပိုင်းပေါ့။ ဒါက ပညာရေးကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ခိုင်မာတဲ့ အာမခံချက်မရခင်တော့ သပိတ်ကိုရပ်မှာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

သပိတ်မှောက်ကျောင်းသားများထံ လိပ်မူပြီး ဖေဖော်ဝါရီ ၁၅ရက် ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ လက်မှတ်ရေးထိုးထားသည့်စာတွင် “မိမိတို့ဆိုင်ရာ အရပ်ဒေသ အသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ္တာရပ်ခံလိုက်ပါသည်” ဟု ရေးသားထားသည်။

ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက “ရည်ရွယ်ချက်အတိုင်းဆက်သွားမှာပါ။ သပိတ်တွေကို ရပ်ဖို့ပြောမယ့်အစား အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ အကြောင်းကြားသင့်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

၎င်းတို့၏ ရည်ရွယ်ချက်မှာ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက်ရန်ဖြစ်သည်။

သီတဂူဆရာတော်၏ မေတ္တာရပ်ခံစာကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းက အသီးသီး ဖော်ပြထားကြသည်။

မဖြိုးဖြိုးအောင်က “စာကတော့ ကျွန်မတို့လက်ထဲမရောက်သေးပါဘူး။ ညနေတုန်းကတော့ ဆရာတော်တစ်ပါးက စာပို့မလို့ဆိုပြီး ကျွန်မဆီကို ဖုန်းဆက်ပြီး အီးမေးလ်လိပ်စာတောင်းပါတယ်။ ခဏနေတော့ ကျွန်မအီးမေးလ်ကို ပို့ထားတယ်လို့ ပြန်ဆက်လာပါတယ်။ အခုထိတော့ ကျွန်မအီးမေးလ် မဖွင့်ရသေးပါဘူး” ဟု ဖေဖော်ဝါရီ ၁၅ရက် ညနေ ငါးနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ မေတ္တာရပ်ခံစာတွင် “နိုင်ငံတော်အတွင်း အမျိုးမျိုးအဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌ သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ အနေအားဖြင့် နိုင်ငံတော်ကိုဝိုင်းဝန်းကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏ လည်းကောင်း၊ သားလှရတနာ၊ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်လှပါသည်” ဟု ပါရှိသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအပေါ် တွေ့ဆုံသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် အစိုးရဘက်က သဘောတူညီခဲ့ပြီးဖြစ်သည်။

ဖေဖော်ဝါရီ၁၄ရက်က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သည့် အဆိုပါ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်စစ်ကြောင်းများ ရပ်တန့်ရန် အစိုးရဘက်က တောင်းဆိုသော်လည်း ကျောင်းသားများဘက်ကမူ ၎င်းတို့ တောင်းဆိုထားသည့် အချက်များကို လွှတ်တော်တွင် ဥပဒေအဖြစ် အတည်ပြုပြီးမှသာ သပိတ်စစ်ကြောင်း များကို ရပ်နားရန် ဆန္ဒရှိနေခြင်းကြောင့် သပိတ်ရပ်၊ မရပ်ကို ညှိမရခဲ့ပေ။

သပိတ်စစ်ကြောင်းများကို ရန်ကုန်သို့ဝင်ရောက်လာခြင်းမရှိစေရန် ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်

တရုတ်ပြည်က စွယ်တော်သမိုင်း

တရုတ်ပြည်က စွယ်တော်သမိုင်း



Mobile Uploads
ဗုဒ္ဓမြတ်စွယ်တော် တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိဝက်စတင်းတောင်၏ စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည်ထင်ရှားကျော် ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။ ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့ ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။ စွယ်တော် မူလဒါယကာများသည် ယနေ့ခောတ် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်သော ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။ ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည် ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။ ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ် ကိန်းဝပ်ခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသမှ ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ် ကိန်းဝပ်ရာကျောင်းတော်သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။ ဘုန်းတော်ကြီး ဖာဆီယန်နှင့် ဆွန်ဆင်တို့သည်လည်း အဆိုပါကျောင်းတော်သို့ စွယ်တော်ကို ဖူးမြော်ရန် ရောက်ရှိခဲ့ကြောင်းသိရသည်။ ဤတွင် စွယ်တော်မြတ်ကို ဂန္ဓာရတိုင်းမှ ခိုတန်ပြည်သို့ အဘယ်ကြောင့် ပင်ဆောင်ခဲ့ရသနည်း ဟူသောအချက်ကို ဆန်းစစ်ရန် လိုပေမည်။ ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။ တစ်ရပ်မှာ ခိုတန်၊တာပန်းနိယာ၊ လိုလင် နှင့် တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှ အိုအေစစ်နိုင်ငံများသည် အိန္ဒိယ(ဂန္ဓရ)နှင့်အဆက်ဆံရှိခဲ့ပြီး ယင်းနိုင်ငံများအလုံးသည်လည်း ထိုအချိန်က ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။ နောက်အကြောင်းတစ် ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ ခရီးသွားမှတ်တမ်းများအရ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ (ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိသည်။ ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကို ဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။ ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင် စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ် စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။ ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့ (ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင် ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိ ကျို့ရှမ်းစေတီ၌ ဌာပနာ၍ ပူဇော်ခံကြရာ ၁၉၀၀ ပြည့်နှစ် ဗုဒ္ဓမြတ်စွယ်တော်ကို လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်

အမှတ်တရဗိုလ်ချုပ် စကားများ

အမှတ်တရဗိုလ်ချုပ် စကားများ
------------------------------------
""ဟေ့ကောင် ကျော်စိန်
ဟိုမှာ ……
ပုလိပ်တွေ လက်ပြနေပြီ မောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်""
""ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်""
""ဟေ့ကောင်
ငါက ငါ
ဥပဒေက ဥပဒေကွ""
-------------------------
""စက်ရပ်သွားပြီ ဗိုလ်ချုပ်""
""ဟေ့ကောင် ထွန်းလှ ဆင်း ……
ဒို့ နှစ်ယောက် ကားတွန်းရအောင် ""
----------------------------------
""မမကြည်
ဂျူတီချိန်းရအောင်
ဗိုလ်ချုပ်ကို သမီးကြောက်တယ်""
""ရပါတယ်ကွယ်
ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်""
-------------------------------
""အကိုကြီး(ဦးဘဝင်း)
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို
ကျုပ်က ချစ်တယ်လို့
လက်ထပ်ချင်တယ်လို့
ခု မြန်မြန်သွားပြောဗျာ
အချိန် မရှိဘူး
ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်""
-----------------------------------
""ကြည် ……
အိမ်က ရဲဘော်တွေကို
ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ……""
--------------------------------------
""ရွှေဒင်္ဂါးကို နင် လိုရာသုံးဖို့
ငါ လာလှူတာ…ဝေ့ ဗိုလ်ချုပ်""
""ထားခဲ့ပါ ရှမ်းကြီးရယ်
မနက်ကျတော့ ဖဆပလကို
ကျုပ် ပို့ပေးပါ့မယ်""
----------------------------------
""မမကြည်
အိမ်မှာ ဆန် ဆီ ပြတ်သွားရင်
ကျနော်ကို ပြောနော်""
""လာကန်တော့လို့ လက်ခံရင်
မင်းကို အရင် ထောင်ချပစ်မယ်လို့
ဗိုလ်ချုပ်က ကျနော်ကို ကြိမ်းထားတယ်""
-------------------------------------
""စိတ်ချပါ ဗိုလ်ထွန်းလှရယ်……
အဲ့ဒီလို ရှိလို့လား
ကန်တော့တယ်ဆိုတာ
လက်အုပ်ချီပြီး"သြကာသ"ဆိုတာ
မဟုတ်ဘူးလား……""
-----------------------------------
""ကျနော် စစ်ထဲဝင်ချင်တယ်""
""မင်း နာမည်""
""ဝင်းတင်(ဟံသာဝတီဦးဝင်းတင်)""
""ဘယ်နှစ်တန်းလဲ""
""၇-တန်း""
""ငယ်သေးတယ် ပညာဆက်သင်""
""တပ်ထဲမဝင်နဲ့
ပညာတတ်အောင် ဆက်သင်""
----------------------------------
""ဟေ့ကောင် ထွန်းလှ
ဗိုက်ဆာတယ်ကွ
မနက်ကလည်း ဘဲဥဟင်းဆိုတော့
ထမင်းစား မကောင်းဘူး""
""လကုန်ခါနီးဆိုတော့ ဒီလိုပဲပေါ့"
""ဆိတ်သားခပတ် စားချင်တယ်ကွာ""
""မင်းမှာ ပိုက်ဆံပါလား""
---------------------------------------
""လွတ်လပ်ရေးရရင်တော့
ခြံလေးစိုက်ပြီး
စာပဲရေးချင်နေတာဗျာ""
------------------------------------
""မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား""
""ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး""
""ခြံ မရှိရင်နေ
ကလေးတွေကိုတော့
ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ""
--------------------------------------------
""အငယ်ဆုံး သမီးလေးကို
နားကပ်လေးတစ်ရံ ခမည်းပေးဖို့
နတ်မောက်က အမေဆီ
ပိုက်ဆံ လှမ်းမှာထားရတယ်""
-------------------------------------
""အေးဗျာ ……
အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ
ကလေးကလည်း မွေးလိုက်တာ
တစ်နှစ် တစ်ယောက်ပဲဗျို့ … ဟား ဟား""
------------------------------------------
Credit to Typewriter
K.K(ကနောင်