Saturday, September 21, 2013

ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို



ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို
မော်လူး၊ စက်တင်ဘာ ၂၀
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီးတွင် ပေ ၄၀၀၀ ခန့်ကျယ်ဝန်းသည့်
ဖားပန်ချောင်းကိုဖြတ်သန်း၍ ကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်နေပြီး၊
တံတားကြီးပြီးစီးခဲ့ပါက ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွက်
အရေးပါသည့် တံတားတစ်စင်းဖြစ်လာကာ ဒေသခံပြည်သူများ ခရီးသွားလာရာတွင်
အဆင်ပြေချောမွေ့မည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ ယခုကဲ့သို့ မိုးများသော
မိုးရာသီတွင် ချောင်းရေမှာ များပြားပြီး ရေစီးသန်သဖြင့် ချောင်းကို
ဖြတ်သန်းသွားလာနေကြရသည့် ခရီးသွားပြည်သူများအတွက်
အသက်အန္တရာယ်နှင့်အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း၊
မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသည့် ပြည်သူများသည် ချောင်းကို
ဖြတ်ကူးနိုင်ရန်အတွက် ဆိုင်ကယ်သယ်ဆောင်ခအဖြစ် ငွေ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊
၃၀၀၀ ကျပ် အစရှိသဖြင့် ပေးနေကြရကြောင်း၊ တံတားကြီး၏
ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အစမျှသာရှိနေပြီး
အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ဖားပန်ချောင်းကူး ယာယီတံတားတစ်စင်းကို
ဆောက်လုပ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံခရီးသွားပြည်သူတစ်ဦးထံမှ
ကြားသိရသည်။

ခင်မောင်ဆွေ ( မော်လူး )၊ သတင်းဓာတ်ပုံ - နီတိုး

No comments:

Post a Comment