Friday, September 27, 2013

ပင်လုံ အမက မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆု ပေးပွဲ




ပင်လုံ အမက မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆု ပေးပွဲ
မိုးညှင်း၊စက်တင် ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ အုပ်စု၊ ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်(မြိုင်သာယာ)၊ ပင်လုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမွှေး၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြိုင်သာယာ အထက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးလှသောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ဆုရကျောင်းသား/သူများနှင့် ယင်းတို့၏ မိဘများတက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် သဘာပတိနှင့် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ မြိုင်သာယာ အထက(ခွဲ) ကျောင်းအုပ်ဆရာကြီးတို့မှ အမှာစကား အသီးသီးပြောကြားကြပြီး၊ ပင်လုံးကျေးရွာ အုပ်ချုပ်ရေးမှူးက "ရပ်မိရပ်ဖ၊ မိဘများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်းပြီး ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ မူလတန်းအခြေခံအဆင့်မှ စပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် လိုအပ်ကြောင်း"တို့ကို ပြောကြားခဲ့သည်။ ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှလည်း ပညာသင်ကြားရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာရည်ထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပထမအကြိမ် မူလတန်းအဆင့် စံပြကျောင်းသားထူးချွန်ဆုကို ကျောင်းအုပ်ဆရာကြီး ဦးလှသောင်းက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုပေးပွဲကို တက်ရောက်လာကြသူများအား အလှူရှင်များက အာဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးကာ ကျောင်းသား/သူများ၏ အကပဒေသာများဖြင့် ဧည်ခံခဲ့ကြောင်း သတင်းရရှိသည်။

နွယ်နီ

No comments:

Post a Comment