Friday, September 20, 2013

မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ အရက်မျိုးစုံ ထုတ်လုပ် ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ အသိပေး



မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ  အရက်မျိုးစုံ ထုတ်လုပ်
ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ
အသိပေး
မော်လူး၊ စက်တင်ဘာ ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊
အုပ်ချုပ်ရေးမှူးရုံးတွင် မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ
မော်လူးဒေသအတွင်း ယစ်မျိုး လိုင်စင်မရှိပဲ အရက်မျိုးစုံ
ထုတ်လုပ်ရောင်းချနေသူများအား စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်က
ခေါ်ယူတွေ့ဆုံပြီး ယစ်မျိုးဥပဒေအကြောင်း အသိပေးပြောကြားခဲ့သည်။
၎င်းတွေ့ဆုံ အသိပေးပွဲသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
ဦးဝင်းစိန်၊ ရာအိမ်မှူးများ၊ ရပ်ကွက်မှုများနှင့် ယစ်မျိုး
လိုင်စင်မရှိပဲ အရက်မျိုးစုံ ရောင်းချသူများ စုစုပေါင်း ၅၀ ဦးခန့်
တက်ရောက်ကြသည်။ အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အရက်ချက်သူများ၊
အရက်မျိုးစုံရောင်းချသူများသည် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်လိုင်စင်များ
ရှိမှသာ ထုတ်လုပ်ရောင်းချမှုများကို ပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်မရှိပဲ
ထုတ်လုပ်ရောင်းချမှုများကို တွေ့ရှိပါက ယခင်က ဒဏ်ကြေးငွေမျှနှင့်သာ
ပြီးစီးနိုင်သော်လည်း ယခုအခါ ဒဏ်ကြေးငွေနှင့် မပြီးစီးနိုင်တော့ပဲ
ယစ်မျိုးဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု
သတင်းရရှိသည်။

ခင်မောင်ဆွေ ( မော်လူး)၊ သတင်းဓာတ်ပုံ - နီတိုး

No comments:

Post a Comment