Sunday, September 15, 2013
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ
မော်လူး၊ စက်တင်ဘာ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ ၁၅ ရက် နေ့လည် ၁၂ နာရီအချိန်က
အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေးမှ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မော်လူးဒေသမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေး၊ အင်းတော်မြို့ ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဦးချစ်ရွှေ၊ မော်လူးဒေသတွင်းရှိ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်မှ ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊
အုပ်ချုပ်ရေးနှင့် သောက်သုံးရေ လုံလုံလောက်လောက်ရရှိစေရေးတို့ကို
ရှင်းလင်းပြောကြားပြီး၊ မော်လူးဒေသ တာဝန်ရှိသူများမှ ဒေသတွင်း
ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်အား ရင်းရင်းနှီးနှီး
ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး နေ့လည် ၂ နာရီ ၃၀ မိနစ်တွင်
ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မနက်ဖြန် နံနက် ၁၀ နာရီတွင် အုန်းဒုတ်ကျေးရွာ၌ လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူများ တွေ့ဆုံကြဦးမည် ဖြစ်ပါကြောင်းးးးးးးး
မော်လူး မီဒီယာ ဂရုဖ်
2 comments:
  1. တင်ပြခွင့်မရှိသော်လည်း မော်လူးသားများကိုယ်စားတင်ပြချင်ပါတယ်
    (၁) မော်လူးအထကကျောင်း ရေနစ်နေပါပြီ မြေဖို့နိုင်သော်လည်း မဖြစ်နိုင်ပါ ကျောင်းဆောင်များ မြေကြီးထဲ
    ဦးဆောင်ပေးပါ။
    (၂) မော်လူးရေနစ်နေပါပြီ နှစ်ပေါင်း ၁၅ကျော်ကြာသည့်တိုင်အောင် လယ်သမားများ လယ်ရေသွင်းသော
    ရေမြောင်းများ ကို စနစ်တကျ တူးဖော်နိုင်ရန် ဦးဆောင်ပေးနိုင်ရန် ရေမြောင်တစ်လျှောက်လိုက်လံစစ်ဆေး
    ပြီး လိုအပ်သလို အမှန်တကယ် ပြုပြင်ပေးရန်
    (၃) ရိုးသားသော မော်လူးကျေးရွာနေပြည်သူများ၏ အိမ်အဆောက်အဦးအသစ် ဆောက်လုပ်ပြီးချိန်တွင်
    မြို့နယ်အရာရှိတစ်ဦး ငွေ ၂သိန်း (သို့) ၃ သိန်း တောင်းခံနေမှုအပေါ် တရားဝင်မ၀င် စုံစမ်း စိစစ်ပေးပါ။
    ReplyDelete
  2. အနော်ဘယ်သူလည်းဆိုတာတော့မစုံပါနဲ့နော်
    ReplyDelete