Tuesday, October 8, 2013

အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ လှူဒါန်း




အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ လှူဒါန်း

မော်လူး၊ အောက်တိုဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အာဟာရဒါနနှင့် စာရေးကိရိယာ အလှူရှင်များမှာ မော်လူးဒေသ၊ အုန်းဒုတ်ကျေးရွာမှ ဦးထွန်းအောင်+ ဒေါ်ခင်အုန်း မိသားစု ဖြစ်ပြီး၊ ကျောင်းသား/သူ  ၄၀၀ ကျော်အား ခေါက်ဆွဲ အာဟာရဒါများ ကျွေးမွေးခဲ့ပြီး၊ မူလတန်းအဆင့် ကျောင်းသား/သူ ၁၈၀ ကျော်အတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာဟာရဒါနနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲသို့ ပုန်းဟုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ အလှူရှင်မိသားစုဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အလှူရှင်မိသားစုမှ ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးပြီး၊ စာရေးကိရိယာများပေးအပ်လှူဒါန်းရာ ဆရာ/မများနှင့် ကျောင်းသား/သူများမှ လက်ခံရယူခြ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌမှ အလှူရှင်မိသားစုအား ကျေးဇူးတင် မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပုန်းဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအစီအစဉ်များ နေ့လည် ၁၂ နာရီတွင်ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

CYCLONE








No comments:

Post a Comment