Wednesday, November 13, 2013

ရွှေဘို - မြစ်ကြီးနား ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု ဆောင်ရွက်



ရွှေဘို - မြစ်ကြီးနား ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု ဆောင်ရွက်
အင်းတော်၊ နိုဝင်ဘာ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင်
ဆက်သွယ်ရေးလိုင်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆက်သွယ်ရေး
ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု လုပ်ငန်းကို Nexus
မြန်မာ့ဆက်သွယ်ရေးမှ အောက်တိုဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုမြို့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အင်းတော်မြို့သို့
ရောက်ရှိနေပြီဖြစ်သည်။ ၄င်း ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းကို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ ရွှေဘို -
မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ ကွန်ကရစ်တံတားများတွင်
လေးလက်မသံပိုက်လုံးများအတွင်း ဖိုင်ဘာကြိုးများထည့်သွင်းပြီး
တံတားဘောင်ဘေးတွင် တပ်ဆင်သွားမည်ဖြစ်ပြီး ကွန်ကရစ်တံတားမဟုတ်သည့်
တံတားများတွင် မြေအောက်သို့ မြုပ်ကာ ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ နေ့စဉ်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း
သွယ်ဆက်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း Nexus မြန်မာ့ဆက်သွယ်ရေး
လမ်းပိုင်း ကြီးကြပ်ရေး တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

KMS


No comments:

Post a Comment