Wednesday, December 11, 2013

အခမဲ့ ဆေးကုပေးပြီ

အင်းတော်မြို့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးမည်

 စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း
တွင် ဒီဇင်ဘာ ၁၀ ရက်နံနက် ၉ နာရီအချိန်က ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ ပြည်သူ
များ၏ ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းများကို ၁၂၊ ၁၃၊ ၁၄၊ ၁၅ ထိ(၄)ရက်တိတိ အခမဲ့ဆောင်
ရွက်ပေးမည်ဟု သိရသည်။
 အင်းတော်မြို့ စေတနာရှင် အလှူရှင် မိဘပြည်သူများ လူမှုကူညီရေးအသင်း အဖွဲ့အစည်း
များမှ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဆရာဝန်/ဆရာမ(၈၀) ဦးအား တည်းခိုရေးနှင့် စား
သောက်ရေးကို သီးသန့်စီစဉ်ပေးပြီး လူနာများတွက် တည်းခိုရေးနှင့် စားသောက်ရေးတို့ကို စီစဉ်
ဆောင်ရွက် ပေးထားမည်ဟု သိရသည်။



No comments:

Post a Comment