Saturday, January 18, 2014

မြတ်ပါရမီ ပညာရေး ဖောင်ဒေးရှင်း အစည်းအဝေး

မော်လူးဒေသ၏
တစ်ခုတည်းသော ဂုဏ်ယူဖွယ်

မြတ်ပါရမီ ပညာရေးဖေါင်ဒေးရှင်း၏
အသင်း တစ်နှစ်ပြည့် အထိမ်းအမှတ် နှင့်
သင်းလုံးကျွတ်အစည်းအဝေးပွဲကို

၁၉.၁.၂၀၁၄
နေ့လည် (၁၁)နာရီ
မော်လူး အ.ထ.က သရဖီခန်းမတွင်
ကျင်းပပါမည်။

အလှူရှင်များ အားလုံး တက်ရောက်နိုင်ကြရန်
အသိပေး နှိုးဆော် ပေးကြပါအုန်း.....


မြတ်ပါရမီ
*******
အလှထူးသည်
ရှုမငြီးဖွယ်၊ တောင်စဉ်သွယ်နှင့်
ကွေ့ဝိုက်ဝန်းကာ၊ လှမြေချာမှာ
မိမိမွေးအပ်၊ ဇာတိရပ်မို့
ကျေးဇူးဆပ်မည်၊ စိတ်ကရည်သည်
ကြည်ရွှင်နှလုံးတပြုံးပြုံး။

ဖေးမကြသည်
တို့ရပ်တို့ရွာ၊ တို့မြေသာမှာ
ပညာလင်းရောက်၊ ထွန်းတောက်ပြောင်လည်း
တောက်ရန်ဆီမီး ချို့တဲ့သည်မို့
ကူညီဖြည့်စွက်၊ ဆီတစ်စက်ကို
စုကာပေါင်းရုံးတအုန်းအုန်း။

မြတ်ပါရမီ
အသင်းစုသည်၊ ဖေးကူညီခဲ့
မရှိနွမ်းပါး၊ လူချွန်များကို
ကြယ်စင်လမင်း၊ နေတစ်စင်းသို့
ထွန်းလင်းပါစေ၊ ပညာတွေနှင့်
တောင်မည့်မီးလုံး တဟုန်းဟုန်း။

                      (မင်းသန့်စင်)

                                           







No comments:

Post a Comment