Saturday, April 12, 2014

မေိာ်လူ နှင့် နန့်စီးအောင်ကြား ၁၂ ဘီးကား တံတားလမ်းလျှော်

၁၂ ဘီးကား တံတားပေါ်ဖြတ်သန်းစဉ် လမ်းချော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ ဟွေမွန်းတံတားပေါ် မော်တော်ကားဖြတ်သန်းစဉ် လမ်းချော်ပြီး တံတားလက်ရန်းတိုင်များကို ဝင်တိုက်ကာ မော်တော်ကားယာရှေ့ပိုင်းသည် တံတားအပြင်ဘက်သို့ ကျွံထွက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၁ တွင် တည်ရှိသော တံတားပေါ်တွင် ဘက်ဟိုးယာဉ်ပစ္စည်းများ တင်ဆောင်လာသော ရွှေဘိုဘက်မှ ယာဉ်မောင်း ကိုလေးနှင့် ယာဉ်နောက်လိုက် ကိုဖြိုးတို့ လိုက်ပါ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈ဇ/၆၃၄၇ ဆယ်နှစ့်ဘီးကားသည် ဧပြီ ၁၂ ရက်၊ နံနက် ၃နာရီ ၃၀ မိနစ်အချိန်တွင် လမ်းချော်ကာ တံတားလက်ရန်းတိုင်များကို ဝင်တိုက်ပြီး မော်တော်ကား ယာဘက်အရှေ့ခြမ်း တံတားအပြင်ဘက်သို့ ကျွံထွက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ နန့်စီးအောင် ရဲစခန်းမှ စခန်းမှူး ရဲအုပ် လှကြည်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်မတော်သားများ၊ မြေပလ္လင်ကျေးရွာ ဒေသအရံ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးကြည့်ရှု့ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ မော်တော်ကား လမ်းချော်မှုကြောင့် ခရီးသွား ယာဉ်များ လမ်းကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ကြရကြောင်း သတင်းရရှိသည်။


No comments:

Post a Comment