Friday, April 18, 2014

မော်ကျေးရွာ မှ ထူးထူးခြားခြားပွဲ

၂၀၁၄ခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်
တံခူးလဆုတ် ၄ ရက် (နှစ်ဆန်း၂ရက်)နေ့
မော်လူးမြို့ သုဿာန်၌ ပထမအကြိမ်အဖြစ်
ကျင်းပပြုလုပ်ကြသော တမလွန်ရောက်
မိဘဘိုးဘွား ညီအကို မောင်နှမ ဆွေမျိုးတို့အား
အမျှအတန်းပေးဝေ၍ အကျွတ်အလွတ်ပွဲတွင်
ဘုရားကြီးကျောင်းဆရာတော် ဟောကြားတော်မူသည့်
ဗလိငါးမျိုး တရားလင်္ကာ......
၁။ဆွေမျိုးမိဘ၊စွမ်းသမျှ၊စောင်မကြည့်ရှုပူဇော်မည်။
၂။ဧည့်အာဂန္တု၊မြတ်ကောင်းမှူ၊ပြုစုလုပ်ကျွေးပူဇော်မည်။
၃။တမလွန်ဘ၀၊ကူးပြောင်းကြ၊မိဘဆွေမျိုးပူဇော်မည်။
၎။ရေမြေပိုင်သ၊မင်းစိုးရ၊ဆုံးမလမ်းညွန်၊လိုက်နာမည်။
၅။ရေမြေပိုင်သ၊မင်းစိုးရ၊ခွန်ခတန်ဘိုးပေးဆောင်မည်။
၆။လောကပါလ၊နတ်ဒေ၀၊ပုညကုသိုလ်မျှဝေမည်။
၇။ဗလိငါးဖြာ၊ရိုသေစွာ၊လိုက်နာကျင့်သုံးပူဇော်မည်။
၈။ကောင်းခြင်းမင်္ဂလာ၊အဖြာဖြာ၊မြန်စွာတိုးတက်မည်။
၉။အင်္ဂတ္ထရု၊ကျမ်းဓမ္မ၊ဗုဒ္ဓမြတ်စွာဟောခဲ့သည်။


No comments:

Post a Comment