Sunday, May 11, 2014

လွှဲမုတ်ဘုရား အမှတ်တရကဗျာ

``သမိုင်းသစ်``
မင်္ဂလာဘာညယ်
ရှမ်း ကတူးသံဝဲ
နှုတ်ခွန်းဆက်မွေးရပ်မြေ
လာလည်ဖို့ ဖိတ်ခေါ်သလေ
ရှုလေရာ နေရာတိုင်းဟာလည်း
ကြည်နူးဖွယ့် မြင်ကွင်းတွေ
အရှေ့ကို မျှော်ပြန်တော့
မှုန်ပျပျ တောင်တန်းပြာ
တစ်ခုသော တောင်ထွတ်ပေါ်
မည်အခေါ် လွှဲမုတ်မှာပ
ရှေးယခင်ကတည်းက
တည်ထားခဲ့ စေတီတော်
များထိုထို
ရာဇဝင်သမိုင်းတွေလည်း
ရှိနိုင်ပေ့ထင်အရှား...။
ဘိုးဘွားတွေ အမွေနှစ်မို့
ချစ်မြတ်လို့ ထိန်းသိမ်းကာ
သာသနာရောင်ဝါထွန်းဖို့
စည်းလုံးကာ ညီညာပြီး
စိတ်ထားဖြူဖြူနဲ့
လှူဒါန်းကာ တာဝန်ကျေလို့ရယ်
သမိုင်းသစ်ကိုရေး....။  


                        မာန်ဟုန်ငယ်
               (ခေတ္တ odk kyetchan)


No comments:

Post a Comment