Thursday, July 10, 2014

မော်လူး မီးရထား ဘူတာတွင် စာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်



မော်လူး မီးရထား ဘူတာတွင် စာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်
မော်လူး၊ ဇူလိုင် ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
မီးရထားဘူတာတွင်ရှိသည့် စာပေရေချမ်းစင်မှ စာအုပ်များအား
စာအုပ်အသစ်များဖြင့် လဲလှယ်ခြင်းကို ဇူလိုင် ၉
ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းစာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်ထားရှိပေးခြင်းသို့
အင်းတော်မြို့နယ် ပြန်/ဆက် ဦးစီးဋ္ဌာနမှ ဦးကျော်သီဟ၊
ဒေါ်ငြိမ်းအိအိဖြိုးနှင့် ဝန်ထမ်းများလာရောက်ကြပြီး စာအုပ်အသစ်များ
လဲလှယ်ထားပေးကြသည်။ စာပေရေချမ်းစင်ထားရှိရခြင်းမှာ စာဖတ်သူများ
စာဖတ်ရှိန်မြင့်မားစေရေးနှင့် ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများ၊
ခရီးမသွားမှီ ယာဉ်ရထား စောင့်ဆိုင်းနေရင်း၊ ခရီးသွားလာရင်းဖြင့်
လွယ်ကူစွာ စာပေများ ဖတ်ရှုနိုင်ရန်ရည်ရွယ်လျက် အင်းတော်မြို့နယ်၊ မော်လူး
မီးရထားဘူတာတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်သည့် စာပေရေချမ်းစင်အား
စာအုပ်အသစ်များဖြင့် ထပ်မံဖြည့်တင်းပေးခြင်းဖြစ်ကြောင်း၊ ကဏ္ဍအလိုက်
စာအုပ်များကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများတဆင့်
လဲလှယ်ပေးမည်ဖြစ်ကြောင်း ၊အဆိုပါ စာပေရေချမ်းစင်
ရေရှည်ခိုင်မြဲတည်တံ့နိုင်ရေးအတွက် မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်
ရပ်မိရပ်ဖများ၊ မော်လူး မီးရထားဘူတာ တာဝန်ခံရုံပိုင်ကြီး
ဦးစိုးလင်းတို့မှ တာဝန်ယူဆောင်ရွက်ပေးကြမည်ဖြစ်ပြီး ဇူလိုင် ၉ ရက် နံနက်
၁၀ နာရီမှ စတင်ကာ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ မိမိနှစ်သက်ရာ
ကဏ္ဍအလိုက် စာအုပ်စာပေများကို မော်လူးမီးရထားဘူတာ စာပေရေချမ်းစင်တွင်
အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်ကြောင်း၊ ကဏ္ဍအလိုက် စာအုပ်များကို
တစ်လလျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်
ပြန်/ဆက်ဦးစီးဋ္ဌာနထံမှ သိရသည်။
kms

Posted via Blogaway

No comments:

Post a Comment