Tuesday, July 22, 2014

မော်လူးဒေသ ဂုဏ်ဆောင်သော သူ အတွက် မော်လူး ဒေသသားများ ဂုဏ်ယူ ဂုဏ်ပြုကြပါစို့

မော်လူးဒေသ ဂုဏ်ဆောင်သော သူ အတွက် မော်လူး ဒေသသားများ ဂုဏ်ယူ ဂုဏ်ပြုကြပါစို့
************************************************

၂၀၁၄ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မော်လူး အထကစာစစ်ဌာနမှ ဖြေဆိုအောင်မြင်

ခဲ့သော ကျောင်းသားကျောင်းသူများဖြစ်သည့်

မမျိုးနုနုအောင် (ဆမလ-၁၀၀၃)
မအေးချမ်းမေ (ဆမလ-၉၅၈)
မအေးမိလှိုင် (ဆမလ-၉၇၈)
မသန္တာချို (ဆမလ-၉၁၂)
မောင်ရန်နိုင်စိုး (ဆမလ-၉၁၈) တို့သည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၀ိဇ္ဇာဘာသာတွဲ ဖြေဆိုအောင်မြင်သူများတွင်
အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အဆင့် ၅ဆင့်ဆက်တိုက်ကို
ရရှိခဲ့သည်ဟု သိရပါသောကြောင့် မော်လူး ဒေသသူဒေသသားများကိုယ်စား
မော်လူး သတင်းအဖွဲ့မှ များစွာ ဂုဏ်ယူမိပါ၏။

အမှတ်အများဆုံး ၅ ယောက်သည် ပညာရိပ် ပညာရေးစင်တာ မှာ နေထိုင်၍
မော်လူး အ.ထ.က တွင် ပညာသင်ယူ သူများဖြစ်ကြောင်းသိပါသည်။

နောက်ဆုံးသတင်း အနေနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အမှတ်အများ ဆုံး မော်လူးကျောင်းသား (၅)ယောက်မှ စီပိန်းကျေးရွာနေ လူရည်ချွန် မအေးချမ်းမေသည်
ဂျပန် နိုင်ငံသို့ အလည်အပတ် သွားရမည်ဟုသိရပါ၏။



No comments:

Post a Comment