Wednesday, July 23, 2014

တိုက်နယ်ဆေးရုံနောက်ထပ် အဆောက်အဦအသစ် ဆောက်လုပ်ရန် ပန္နက်တိုင်များ စိုက်ထ

တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်ရန် ပန္နက်တိုင်များ စိုက်ထူ
မော်လူး၊ ဇူလိုင် ၂၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်ရန် ပန္နက်တိုင်များ စိုက်ထူခြင်းကို ဇူလိုင် ၂၂ ရက် နေ့လည် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံအသစ်ဆောက်လုပ်ရန် မြေနေရာတွင် မော်လူးမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဘုန်းတော်ကြီးများ ကြွရောက်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဇျာယ်ကြကာ၊ ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆွမ်းကပ်ခြင်း အာဟာရဒါနကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် နေ့လည် ၁ နာရီတွင် ဆေးရုံအသစ်ဆောက်လုပ်ရန် ပန္နက်တိုင်စိုက်ထူခြင်းကို ပြုလုပ်ရာ ကသာခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း၊ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ကသာခရိုင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးသန့်၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပန္နက်တိုင်များ စိုက်ထူခဲ့ကြသည်။ အသစ်ဆောက်လုပ်မည့် တိုက်နယ်ဆေးရုံအသစ်အတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း ၅၀၀၀ ချမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှာ I Green ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး အချိန်ကာလ ၇ လနှင့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း၊ အသစ်တည်ဆောက်မည့် ဆေးရုံမှာ အလျား ၁၂၆ ပေ၊ အနံ ၁၁၇ ပေရှိ အာရ်စီအမျိုးအစား တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

n.t  


No comments:

Post a Comment