Saturday, August 30, 2014

တာင်ယာအခင်းတွင် မိုးကြိုးပစ် အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ဒဏ်ရာရ မော်လူး ၊ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပုန်းဟုန်ကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ တောင်ယာအခင်းတွင် သြဂုတ် ၃၀
ရက် နံနက် ၂ နာရီခန့်က မိုးကြိုးပစ်၍ အမျိုးသားတစ်ဦး သေဆုံးပြီး
အမျိုးသမီးတစ်ဦး စက်ကွင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး
လျှပ်စီးများလက်ကာ မိုးရွာသွန်းစဉ် ဇော်ဆန်းဦး ၂၆ နှစ်(ဘ)ဦးဘရီ၊
တောင်ဖီလာကျေးရွာနေသူသည် တောင်ယာတဲကို မိုးထားသည့် သက်ငယ်များ
လှန်သွားသဖြင့် မိုးများယိုစိမ့်သောကြောင့် တောင်ယာတဲ
အမိုးပေါ်သို့တက်ပြီး မိုးမယိုစေရန် ဆောင်ရွက်နေစဉ် ဇနီးဖြစ်သူ
ခင်ဋ္ဌေးမြင့် ၂၃ နှစ်(ဘ)ဦးကျော်မြင့်သည် ခင်ပွန်းသည်အား
အလင်းရောင်ရရှိစေရန် လက်နှိပ်ဓာတ်မီးဖွင့်ပြီး ထိုးပြရာ ရုတ်တရက်
လျှပ်စီးဝင်ရောက်ကာ မိုးကြိုးထိမှန်ပြီး ဇော်ဆန်းဦးမှာ တောင်ယာတဲ
အမိုးပေါ်မှ ပြုတ်ကျပြီး ဘယ်ဘက်ပခုံးညိုမည်းဒဏ်ရာ၊ ဘယ်ဘက်ရင်အုံ
ညိုမည်းဒဏ်ရာ၊ ညာဘက်နားအုံ ညိုမည်းဒဏ်ရာ၊ ညာဘက်နှာခေါင်း
ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရ၍ မော်လူး တိုက်နယ်
ဆေးရုံသို့ ဆေးစာနှင့်အတူ ပို့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်မဟုတ်ကို စစ်ဆေးရန် မော်လူးနယ်မြေ ရဲစခန်းမှ ခေတ္တစခန်းမှူး
တပ်ကြပ်ကြီး ကျော်ဝင်းမှ သေမှုသေခင်း ရေးဖွင့်ခဲ့ကြောင်း၊ ဇနီးဖြစ်သူ
ခင်ဋ္ဌေးမြင့်မှာ ညာဘက်လက် ညိုမည်းပေါက်ပြဲ ဒဏ်ရာ၊ ညာဘက် ဝမ်းဗိုက်
ပေါင်တစ်ခြမ်း ညိုမည်းပေါက်ပြဲ ဒဏ်ရာတို့ ရရှိခဲ့ပြီး မော်လူး
တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်းသိရပြီး၊
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်လူး ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၄
အရ အမှုစစ် ခေတ္တစခန်းမှူး တပ်ကြပ်ကြီး ကျော်ဝင်းမှ စစ်ဆေးဆောင်ရွက်ပြီး
မြို့နယ်တရားရုံးသို့ တင်ပို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်


No comments:

Post a Comment