Friday, September 19, 2014

မော်လူးဒေသ ရေကြီး နောက်ဆက်တွဲ သတင်း ၃ ပု

အင်းတော်မြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မီးရထားခရီးစဉ် ရပ်ဆိုင်း
အင်းတော်၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈
ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် လေပြင်းမုန်တိုင်းနှင့်အတူ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး - မြစ်ကြီးနား အစုန်အဆန်
မီးရထားခရီးစဉ်များ ခေတ္တ ရပ်ဆိုင်းထားရကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီ အချိန်ခန့်က
လေပြင်းမုန်တိုင်းနှင့်အတူ လျှပ်စီးများလက်ကာ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အထူးအမြန်ရထားသည်
ပင်ဝယ်ဘူတာတွင် ခေတ္တရပ်နားခဲ့ရသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် မီးရထား
မိုင်တိုင်အမှတ် ၅၉၇/၁၄ နှင့် ၅၉၇/၁၅ အကြား တံတားအမှတ် ၄၆၈ သည်
မီးရထားသံလမ်း အောက်ခံ မြေသား တာပေါင်ရိုးသည် အနက် ၁၀ ၊ အကျယ် ၅၀ ပေခန့်
ရေစီးနှင့်အတူ မျှောပါသွားခဲ့ကြောင်း၊ အဆိုပါ တံတားရေပေါက်တွင်
မီးရထားလမ်း လုံခြုံရေး တာဝန်ကျစောင့်ကြပ်လျှက်ရှိသော အမှတ် ၆၃
ခြေလျင်တပ်ရင်းမှ ရဲဘော်ဇော်လင်းသည် မီးရထားလမ်း ရေပေါက်တံတား
ရေတိုက်စားမှုအကြောင်းကို ပင်ဝယ်မီးရထားဘူတာတွင် ခေတ္တရပ်နားကာ
ပြန်လည်ထွက်ခွာလာခဲ့သည် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အထူးအမြန်ရထားအား
ရေတိုက်စား ပျက်စီးသွားသည့် တံတားသို့ မရောက်မှီ ကြိုတင် တားဆီး
အသိပေးနိုင်ခဲ့သဖြင့် မီးရထားမှာ ပင်ဝယ်ဘူတာသို့ ပြန်လည်
ဆုတ်ခွာခဲ့ရကြောင်း၊ အဆိုပါ မီးရထားတွင် အထက်တန်းတွဲ သုံးတွဲ၊
ရိုးရိုးတန်းတွဲ ရှစ်တွဲ၊ ဂါတ်ဗိုလ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ
ပါရှိပြီး လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည် ၅၀၀ တို့သည်
အန္တရာယ်ကင်းစွာဖြင့် ပြန်လည် ပင်ဝယ်ဘူတာသို့ ပြန်လည်
ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အလားတူ မိုင်တိုင် ၅၉၉/၂၂  နှင့် ၅၉၉/၂၃ ကြား
တံတားအမှတ် ၄၇၈ (အရှည် ၈၀ပေ) ဖားပန်ရေပေါက်တံတားမှာ မြစ်ကြီးနားဘက်
တိုင်အောက်ခြေ ဆယ်ပေခန့် ရေတိုက်စားပြီး ၄င်းနှင့်ကပ်လျှက် အလျား ၁၅ ပေ
အမြင့် ၁၃ ပေရှိ မြေသားတာပေါင်မှာ ရေတိုက်စားခဲ့ကြောင်း၊
ရေတိုက်စားခံရသည့် မီးရထားလမ်းတံတားနေရာများသို့ မြန်မာ့မီးရထားမှ
တာဝန်ရှိသူများနှင့် မော်လူး မီးရထားဘူတာမှ လမ်းဗိုလ်လေး
ထင်လတ်အောင်နှင့် အဖွဲ့၊ အမှတ် ၆၃ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး
ဗိုလ်မှူး ရဲခေါင်ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ
သွားရောက်ကြည့်ရှုပြီး မီးရထားလမ်းများ အမြန်ဆုံးကောင်းမွန်ပြီး
မီးရထားများ ပုံမှန်သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။

မော်လူးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ရေတိုက်စားပြီး
နွား ၄ ကောင်သေဆုံး
မော်လူး ၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် စက်တင်ဘာ ၁၈ ရက်
နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်
နှစ်လုံးရေတိုက်စားပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီအချိန်ခန့်က စတင်ရွာသွန်းသည့် မိုးကြောင့်
နံနက် ၄ နာရီခွဲအချိန်၌ တုံးလုံကျေးရွာ အရှေ့ဘက် တောင်တန်းမှ
ချောင်းဖျားခံကာ စီးဆင်းလာသည့် ပုန်းဟုန်ချောင်းရေသည် ရေစီးသန်၊
ရေလုံးကြီးမားမှုကြောင့် မော်လူးဒေသ၊ ပုန်းဟုန်ကျေးရွာအုပ်စု၊
ပုန်းဟုန်ကျေးရွာရှိ ဒေါ်မပန်း နေအိမ်သည် ရေတိုက်စားမှုကြောင့်
လဲပြိုကျခဲ့ပြီး၊ အိမ်အောက်တွင် ချည်ထားသည့် နွားမနှစ်ကောင်မှာ အိမ်ပိ၍
သေဆုံးခဲ့ကြောင်း၊ ဦးသန်းဝင်း၏ နေအိမ်မှာ ရေတိုက်စားမှုကြောင့်
အိမ်တိုင်များ ယိမ်းယိုင်သွားကာ ဦးမင်းအောင်၏ ဆန်စက်မှာ
ရေနစ်မြှုပ်ခဲ့ကြောင်း၊ အလားတူ ဦးစိုးအောင်ပိုင် ခိုင်းနွား
တစ်ရှဉ်းမှာလည်း ရေနစ်သေဆုံးခဲ့ကြောင်း၊ ပုန်းဟုန်ချောင်းရေ
ရေကြီးရေလျှံမှုကြောင့် ကျေးရွာတွင်း စိုက်ထူ သွယ်တန်းသွားသော လျှပ်စစ်
ဓာတ်တိုင်များနှင့် လျှပ်စစ်မီးကြိုးများမှာ လဲကျ
ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ချောင်းကူး တံတားနှစ်စင်းမှာလည်း
ရေစီးနှင့်အတူ မျှောပါသွားခဲ့ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းပြီး
ရေကြီးရေလျှံမှုကြောင့် ပုန်းဟုန်ကျေးရွာရှိ အခြေခံပညာ
အလယ်တန်းကျောင်း(ခွဲ)ကို ပိတ်ထားရကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားပန်ချောင်းကူးတံတား ချဉ်းကပ်လမ်း
မြေသားများပြိုကျ
အင်းတော်၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စုတွင်
စက်တင်ဘာ ၁၈ ရက်နံနက်က ရွာသွန်းခဲ့သည့် မိုးကြောင့် ရွှေဘို - မြစ်ကြီးနား
မော်တော်ကားလမ်းမပေါ်ရှိ တံတားများ ရေတိုက်စားမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
စက်တင်ဘာ ၁၈ ရက်နံနက် ၃ နာရီက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့်
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား
မော်တော်ကားလမ်းမပေါ်ရှိ အရှည် ၂၄၀ ပေ ကွန်ကရစ် တံတား၏ ရွှေဘိုဘက်
ချဉ်းကပ်လမ်း မြေသားများ  အရှည် ၃၀ ပေခန့်   ရေတိုက်စားမှုကြောင့်
ပြိုကျခဲ့ကြောင်း၊ အလားတူ မော်တော်ကားလမ်း မိုင်တိုင်အမှတ် ၁၅၂/၁၅၃ အကြား
တံတားအမှတ် ၁၅၄/၄ ဒလက်ရှည်ချောင်းကူးတံတား ရေစီးနှင့်
မျှောပါသွားခဲ့ကြောင်း၊ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး
ရေကြီးရေလျှံဖြစ်ကာ တံတားများ ရေတိုက်စားခံရခြင်း၊ ရေစီးနှင့်
မျှောပါသွားခဲ့ခြင်းများကြောင့် မန္တလေး - မြစ်ကြီးနား (အသွား/အပြန်)
ခရိးသည်တင် မော်တော်ယာဉ်များ၊ ကုန်တင် မော်တော်ယာဉ်များ နီးစပ်ရာ မြို့၊
ကျေးရွာများတွင် ခေတ္တရပ်နားထားခဲ့ရပြီး၊ တာဝန်ရှိသူများ
သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပုံမှန်သွားလာနိုင်ရေးအတွက်
ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်

No comments:

Post a Comment