Sunday, September 28, 2014

mpt ဆင်းကဒ်တွေ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် ဖုန်းဆိုင်သွားမေးစရာ မလိုတော့ဘူး ကောစင်တာ နံပါတ်တဲ့ မှတ်ထားကြပါ

ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခမဲ့ဖြေကြားပေးရန်စီစဉ် @@@@######@@@@@ FB.com/MPT မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်ပတ်သက် သည့်အခက်အခဲများ၊ သိလိုသည်များကိုမေးမြန်းလိုပါက 1876 Call Centerမှတစ်ဆင့် လိုင်းခွဲနံပါတ် ၁၀၆ကို နှိပ်၍ အခမဲ့မေး မြန်းမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ‘‘၁၀၆ကို နှိပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက် တာတွေကိုမေးမယ်ဆိုရင် ဖုန်းဘီလ်ထဲကနေ လုံးဝမဖြတ်ပါ ဘူး။ သိချင်တာတွေကိုအခမဲ့မေးနိုင်ပါတယ်’’ဟု 1876Call Centerမှ လုပ်ငန်းတာဝန်ခံတစ်ဦးကပြောသည်။ ယခုဝန်ဆောင်မှုမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မို ဘိုင်းဖုန်းအသုံးပြုသူများအတွက် သီးသန့် Call Centerတစ်ခုအ နေဖြင့် လိုင်းခွဲတစ်ခုထားရှိပေးခြင်းဖြစ်ပြီး အခမဲ့မေးမြန်းနိုင် သည့် ၀န်ဆောင်မှုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်၍ ပေး ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။ 1876သို့ ဖုန်းခေါ်ဆို၍ အခြားသိလိုသည်များ မေးမည်ဆိုပါက MPTမှ ငါးဆယ်ကျပ်၊ Call Center သုံးဆယ်ကျပ်ဖြင့် တစ်မိနစ်လျှင် ရှစ်ဆယ်ကျပ်ကို ဖုန်းဘီလ်ထဲမှ ဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ပြည်ပဆက်သွယ်ရေးအော်ပရေတာများဖြစ် သည့် တယ်လီနောနှင့် အူရီးဒူးတို့မှာလည်း ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများမေးမြန်းနိုင်ရန်အတွက် သီးသန့် Call Centerများ ပြုလုပ်ပေးထားသည်။ Admin-mmt

No comments:

Post a Comment