Monday, October 20, 2014

ဖုန်း တာအရှုံးခံလိုက်ပါ အဲ့လိုကြီးတော့လုပ်ကြနဲ့ @မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး @

မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး Monday, 20 October 2014 08:40 Print Email ပုသိမ်၊ အောက်တိုဘာ ၁၉ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် အနော်ရထာလမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျသဖြင့် ဆင်းဆယ်ရာမှ လူနှစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောကြားသည်။ အနော်ရထာလမ်းနေ ဦးအမင်း၏ နေအိမ်တွင် အသက် ၁၇ နှစ်ရှိ မောင်ကျော်မင်းထွန်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျရာမှ ဆင်းဆယ်စဉ် နစ်မြုပ်သွားသဖြင့် မိခင်ဖြစ်သူ ဒေါ်ချိုက အနီးအနားသို့ အော်ဟစ်အကူ အညီတောင်းခံခဲ့ရာ အသက် ၃၂ နှစ်ရှိ ဦးသန်းမြင့်အောင် ရောက်ရှိလာပြီး ကျင်းနှုတ်ခမ်းမှ ဆွဲတင်စဉ် ပြုတ်ကျ၍ နှစ်ဦးစလုံး သေဆုံးရခြင်း ဖြစ်ကြောင်း ငပုတောမြို့ လူမှုကူညီရေးအသင်းဝင် ဦးဇော်ရဲနောင်က ပြောကြားသည်။ မိလ္လာကျင်းထဲ ပြုတ်ကျသူနှစ်ဦးကို ချက်ချင်းဆယ်ယူပြီး ရေဖြင့်သန့်စင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ မိလ္လာကျင်းထဲ ပြုတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်ရန် ငပုတော ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၄ ဖြင့် ဆောင်ရွက်နေကြောင်း ငပုတောမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment