Wednesday, December 31, 2014

ဒီပင်္ကရာစေတီတော်သွားလမ်းမကြီး စုပေါင်းပြုပြင်

အင်းတော်မြို့နယ် သမိုင်းဝင် ဒီပင်္ကရာစေတီတော်သွားလမ်းမကြီး စုပေါင်းပြုပြင်
မော်လူး| ဇန်နဝါရီ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သမိုင်းဝင် ဒီပင်္ကရာစေတီတော်သို့ သွားရာ လမ်းမကြီးအား ဒီဇင်ဘာ ၃၁ရက်နေ့ကစုပေါင်း ပြုပြင်နေကြကြောင်း သိရသည်။
မော်လူးဒေသ၏ ကိုးတိုက်နယ် ဆယ်အုပ်စု ကျေးရွာပေါင်း ၄၂ရွာ၏ တည်ထား ကိုးကွယ်လျှက် သီရိမဟာ အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓပူဇနိယပွဲကို တပို့တွဲလဆန်း ၁၀ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးများအတွက် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် အဆိုပါလမ်းမကြီးကို စုပေါင်းပြုပြင်နေကြခြင်း ဖြစ်သည်။
ထိုသို့ ပြုပြင်ဆောင်ရွက်ရာတွင် ဒီပင်္ကရာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေး ဂေါပက ဥက္ကဌ ဦးတင်နွယ်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ပွဲတော်ဖြစ်မြောက်ရေး ရံပုံငွေမှ ကျပ်သိန်း ၂၀ မတည် အကုန်အကျခံကာ မင်းသာကျေးရွာမှ ဒီပင်္ကရာစေတီတော်မြတ်ကြီးအထိ ပေ ၇၀၀၀ခန့်ကို သဲကျောက်ခင်းပြီး လမ်းအကျယ် ပေ ၂၀ အထိဖြစ်အောင် သူရောင်းကျေးရွာနှင့် ကူးကာကျေးရွာများမှ ဒေသခံ စေတနာလုပ်အား အလှူရှင်များမှ စုပေါင်းပြုပြင်ကြခြင်းဖြစ်သည်။
ယင်းသမိုင်းဝင် ဒီပင်္ကရာစေတီတော်သို့ သွားရာလမ်းမကြီးအား ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ အချိန်တွင် နှစ်စဉ်ပြုပြင်မှုများ ပြုလုပ်ကြကြောင်း အမာခံ ကျောက်ခင်းလမ်းပြီးစီးခဲ့ပြီးဖြစ်သဖြင့် ကတ္တရာခင်းလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ရန် အစီအစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment