Tuesday, December 30, 2014

ချောင်းကူးတံတား အသစ်တည်ဆောက်






ပင်ဝယ်ကျေးရွာ ဘူတာချောင်းကူးတံတား အသစ်တည်ဆောက်
> အင်းတော်၊ ဒီဇင်ဘာ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊ ပင်ဝယ်ကျေးရွာ ဘူတာချောင်းကူးတံတားကို ဒီဇင်ဘာ ၃၀ ရက်နေ့က အသစ်တည်ဆောက်ခဲ့ကြောင်း သိရသည်။
> တံတားဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင် ဦးထွန်းစိန်နှင့် ဦးမောင်ဝင်းတို့ ဦးစီးဦးဆောင်၍ ပင်ဝယ်ကျေးရွာမှ စေတနာအလှူရှင်များ ထည့်ဝင်ငွေကျပ် သိန်း ၇၀ ခန့်ဖြင့် မတည်ကာ စေတနာလုပ်အားပေး အင်အား ၅၀ ခန့်ဖြင့် အဆိုပါ ဘူတာချောင်းကူးတံတားကို ဒီဇင်ဘာ ၂၆ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ဇန်နဝါရီလ ၁ ရက်နေ့တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းတံတားသည် အရှည် ၃၂ ပေ၊ အကျယ် ၁၃ ပေရှိသော လှည်းကူး၊ ကားကူး သစ်သားတံတားဖြစ်သည်။
> "ဒီတံတားဟာ ပင်ဝယ်ကျေးရွာနဲ့ သုဿာန်သွားလမ်းမကြီးပေါ်မှာရှိတဲ့ ဘူတာချောင်းကူးတံတားပါ။ အရင်ကတည်းက တံတားမရှိတဲ့အတွက် နွေမိုးဆောင်း သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။ ဒီချောင်းကို ဖြတ်သွားမှ လိုရာခရီးကို ရောက်နိုင်တာလေ။ ဒါ့ကြောင်း ဒီဘူတာချောင်းကူးတံတားဟာ တစ်ရွာလုံးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ တံတားပါ။ နိဗ္ဗာန်ယာဉ်တွေ၊ ထော်လာဂျီယာဉ်တွေ ဒီချောင်းရိုးကနေ အဓိကအားထားပြီး သွားလာနေရတာပါ"ဟု တံတားတည်ဆောက်ရေးတွင် လုပ်အားဒါန ပေးလှူနေသူ အသက်(၈၃)နှစ်အရွယ်ရှိ ပင်ဝယ်ကျေးရွာနေ ဦးတင်မောင်(ဗန္ဓုလ)မှ ဝမ်းသာအားရပြောပြသည်။
>

No comments:

Post a Comment