Sunday, December 14, 2014

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြော
အင်းတော်၊ ဒီဇင်ဘာ ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ပင်ဝဲကျေးရွာ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်း အဆောင် ၂ တွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်းတော်မြို့နယ်၊ အင်းတော်မြို့ စီမံခန့်ခွဲမှုကော်မတီ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် နှိမ်နင်းရေး အသိပညာပေး ဥက္ကဋ္ဌ ဦးတင်မြင့်၊ အင်းတော်မြို့ အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊ အဖွဲ့ဝင် ဦးချစ်ရွှေ၊ အင်းတော်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိ ဦးမျိုးမင်းစိုး၊ အင်းတော်မြို့ ခေတ္တ ဒုတိယမြို့နယ်မှူး ရဲမင်းဦး၊ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်း၊ အင်းတော်မြို့ အထွေထွေအုပ်ချုပ်ရေး ဒုတိယ ဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ ပင်ဝဲကျေးရွာ အထွေထွေအုပ်ချုပ်ရေး စာရေးအဆင့်(၁) ဒေါ်ဝင်းရွှေ၊ ဒေသခံအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ၊ ဖားပန့်ကျေးရွာ၊ တုံးလုံကျေးရွာ၊ ပင်ဝဲကျေးရွာများမှ ကျေးရွာသူ/သားများ အင်အား စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ကြသည်။
ယင်းနောက် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို အင်းတော်မြို့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်စေရန် ပရိုဂျက်တာဖြင့် ပြသရှင်းလင်းပြီးနောက် အင်းတော်မြို့ (ခေတ္တ) ဒုတိယမြို့နယ်မှူး ရဲမင်းဦး၊ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်းတို့မှ ထပ်ဆင့်ရှင်းလင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လည်ဖြေကြားကာ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဟောပြောပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်

No comments:

Post a Comment