Thursday, December 4, 2014

မော်လူးဒေသ သူရောင်းကျောက်စိမ်းမှော်တွင်ကျောက်စိမ်းတူးဖော်ရန်ကုပ္မဏီများက တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

မော်လူးဒေသ သူရောင်းကျောက်စိမ်းမှော်တွင်ကျောက်စိမ်းတူးဖော်ရန်ကုပ္မဏီများက
တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး  ဒီဇင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
သူရောင်းကျေးရွာအုပ်စု၊ သူရောင်းကျောက်စိမ်းမှော်တွင် ကုပ္မဏီများ က
ကျောက်စိမ်းများတူးဖော်ရန် အတွက် သတ္ထုတွင်းဝန်ကြီးဋ္ဌာန လက်အောက်ခံ
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း(မိုးညှင်း) မှ တာဝန်ရှိသူများက လုပ်ကွက်
များ တိုင်းတာခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၃ ရက်နေ့က
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        မြန်မာနိုင်ငံတွင် ကျောက်စိမ်းရတနာများထွက်ရှိရာ ကချင်ပြည်နယ်
မိုးညှင်းမြို့နယ်၊ လုံးခင်း၊ ဖာကန့်၊ ဆိုင်းတောင်၊ တာမခံ ၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ ၊ နမ္မချီးမှော်၊ သရက်မှော်၊
တောင်စိမ်းလေးမှော် အစရှိသည့် ဒေသများ တွင် အဖိုးတန် ကျောက်စိမ်း
ရတနာများ  ထွက်ရှိသည် ။ အလားတူ စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးဒေသ၊ သူရောင်းမှော်၊ ဥသျှစ် ကုန်းမှော် ၊
ထုံးတောင်မှော်ဒေသများတွင်လည်း ကျောက်စိမ်းများထွက်ရှိကြောင်းသိရသည်။
        အင်းတော်မြို့နယ်၊ မော်လူးဒေသ ၊သူရောင်ကျောက်စိမ်းမှော်သည်
အင်းတော်မြို့မှ ၂၆မိုင် မော်လူး(ရွှေဘို-မြစ်ကြီးနား
ပြည်ထောင်စုလမ်းမကြီး)မှ အနောက်ဘက်သို့ ၃မိုင်ခန့်
တွင်တည်ရှိကြောင်းသိရသည်။
        အဆိုပါ ကျောက်စိမ်း ထွက်ရှိရာ သူရောင်းမှော်တွင် ကျောက်စိမ်းတူးဖော်ရန်
လုပ်ကွက်များတိုင်းတာခြင်းကို သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်ခံ
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း(မိုးညှင်း) မှ  တာဝန်ခံ
ကိုဖြိုးနှင့်အဖွဲ့ ၊သူရောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြတ်ထွန်းနှင့်
အဖွဲဝင်များ ဓူဝံကြယ်ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီ နှင့်
မြန်မာ့စိမ်းလဲ့အောင် ကျောက်စိမ်းတူးဖော်ရေးကုပ္မဏီ တို့မှ တာဝန်ခံ
ကိုယ်စားလှယ် များက ကျောက်စိမ်းတူးဖော်ရန် လုပ်ကွက်အမှတ်
မှတ်တိုင်များကို စိုတ်ထူခဲ့ကြသည်။
        ``ကျွန်တော်တို့ကုပ္မဏီက  ကျောက်စိမ်း တူးဖော်ခွင့်လုပ်ထုံး
လုပ်နည်းနှင့်အညီ နိုင်ငံတော်မှ ကျောက်မျက်တူးဖော်ခွင့် ရရှိပြီး
ဖြစ်လို့ ယခုလောလောဆယ် မှာတော့ လုပ်ကွက် (၄)ကွက် ကို
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများမှ တာဝန်ရှိသူတွေနှင့်
လုပ်ကွက်များကို တိုင်းတာနေတာပါ ၊ တူးဖော်ခွင့် တောင်းခံရရှိပြီးမှသာ
ကျောက်မျက်တူးဖော်ရေးကို ဆက်လက်လုပ်ကိုင်းသွားမှာပါ ``ဟု
ဓူဝံကြယ်ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီမှ တာဝန်ခံကိုယ်စားလှယ်
ကိုအောင်ဆန်းဦးက ပြောပြသည်။
        အဆိုပါသူရောင်းမှော်တွင် ကျောက်မျက်ကုပ္မဏီများက တူးဖော်ရန်
လုပ်ကွက်ပေါင်း (၄၀)ကျော်ခန့် ရှိကြောင်း ယခုချိန်တွင် ဓူဝံကြယ်ကျောက
မျက်ရတနာ တူးဖော်ရေး ကုပ္မဏီမှ လုပ်ကွက်(၄)ကွက် နှင့်
မြန်မာ့စိမ်းလဲ့အောင် ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီမှ လုပ်ကွက်(၁)ကွက်
တို့ကို တူးဖော် လုပ်ကိုင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက
ပြောပြသည်။
        ကျောက်စိမ်းများတူးဖော်ခြင်း ကြောင့် ယခင် တနိုင်တပိုင်
တူးဖော်လျက်ရှိသော ကျင်းလုပ်သားများက ကျောက်မျက်ရတနာတူးဖော်ရေး
ကုပ္မဏီများ ၀င်ရောက်လာသည့်အတွက် နစ်နာမှုရှိသည်ဟု
ဒေသခံကျင်းလုပ်သားများထံမှ ကြားသိရသည်။
        ``ကျွန်တော်တို့ ဒီဒေသမှာ ဘိုးဘွားလက်ထက်ကတည်းက တနိုင်တပိုင်
ကျောက်စိမ်းလုပ်ငန်းကို ယနေ့အချိန်ထိ လုပ်ကိုင်လာခဲ့သာ ကြာပါပြီး
လွန်ခဲ့သည့် ၂နှစ်က ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီ တွေ
စလုပ်ကိုင်တော့မည်လို ကြားသိရပေမဲ့ တကယ်မလုပ်ကိုင်ခဲ့ဘူး ၊ ယခုအခါ
ကျောက်မျက် ကုပ္မဏီတွေက တူးဖော်ခွင့်ရရှိလို့ တူဖော်မယ်ဆိုတော့
ကျွန်တော်တို့ရဲ့ ဒေသခံကျင်းလုပ်သားများက ငွေကြေး၊အချိန် ကုန်ကြခံပြီး
တူးဖော်လာခဲ့တာ နစ်နာတာပေါ့ဗျာ ၊ သူတို့က ကုပ္မဏီတွေဝင် တူးဖော်မယ်
ဆိုင်ဘုတ်၊လုပ်ကွက်မှတ်တိုင်းတွေ စိုက်ထားတာ ဆိုရင်
ကျွန်တော်တို့လုပ်ဖြစ်မှာမဟုတ်ဘူး ၊
ယခုတော့ ဆိုင်းမဆင့် ဗုံမဆင့် တူးဖော်မည်ဆိုပြီး လုပ်ကွက်မှတ်တိုင်တွေ
စိုက်ထူလာခဲ့တယ် စက်၊ယန္တရားတွေနဲ့ လုပ်ကိုင်းတူးဖော် လာကြပြီးဆိုတော့
တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာရတာပေါ့ဗျာ ``ဟု ဒေသခံကျင်းလုပ်သားတစ်ဦးက
ပြောပြသည်



No comments:

Post a Comment