Monday, January 26, 2015

အုန်းဒုတ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး



ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောရွ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇန်နဝါရီ ၂၆ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂွ ကာကွယ်ဆေး ထိုးနှံရာသို့ မော်လူး ကျန်းမာရေးဋ္ဌာနမှ သားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်နှင့်အဖွဲ့အား အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ/မများ၊ အုန်းဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေး၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦးအောင်ချစ်တို့ လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ ကျောင်းသား/သူ ၁၄၂ ဦးကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment