Tuesday, January 20, 2015

ဖုန်ကုန်း ဆရာတော်၏ ဆံတော်များ လုံးပြီး ဆံပွားများဖြစ်ပေါ်နေ




ဘဝနတ်ထံ ပျံလွန်တော်မူသည့် ဖုန်ကုန်းတောင် မင်္ဂလာကျောင်းတိုက် ဆရာတော်
> ဘဒ္ဒန္တ ဝိသုဒ္ဓမထေရ်၏ ဆံတော်များမှ ဆံလုံး ဆံတော်ပွားများ
> ဖြစ်ပေါ်လျှက်ရှိ
> မော်လူး၊ ဇန်နဝါရီ ၂၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဖုန်ကုန်းတောင်
> မင်္ဂလာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ မထေရ်သည် ဇန်နဝါရီ ၁၈
> ရက်နေ့တွင် ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ဆံချထားသည့်
> ဆံတော်များမှာ လုံးပြီး ဆံတော်ပွားများ ဖြစ်ပေါ်လျှက်ရှိကြောင်းကို
> ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရှိရသည်။
>
> ဆရာတော်လောင်းလျာကို ကချင်ပြည်နယ်၊ ချီဗွေမြို့၊ တမူကျေးရွာတွင် ၁၂၉၈
> ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် အဖ ဦးလဆန်းနော်၊ အမိ
> ဒေါ်ယိန်းလုံတို့မှ ဖွားမြင်သော ဒုတိယမြောက်သားဖြစ်သည်။ ကချင်မျိုးနွယ်
> လာချိတ်တိုင်းရင်းသားဖြစ်ပြီး မဂေါင်မူလတန်းကျောင်းတွင်
> ပညာသင်ကြားခဲ့ပြီး အသက်(၁၆)နှစ်မှ (၂၆)နှစ်အရွယ်ထိ ကိုးနှစ်ကျော်
> ဆယ်နှစ်နီးပါး  တိုင်းပြည်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊
> အသက် ၂၂ နှစ်အရွယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
> မော်တိတ်ကျေးရွာသူနှင့် အိမ်ထောင်ကျကာ သားလေးဦး သမီးတစ်ယောက်
> ထွန်းကားခဲ့သည်။ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းကာ အသက် ၃၀
> အရွယ်တွင် ဒုလ္လဘ ရဟန်းပြုလျှက် သတိပဋ္ဌာန် ဝိပဿနာတရားများကို
> ကြိုးစားအားထုတ်လျှက် တစ်ဖန် ၁၃၄၇ ခုနှစ်တွင် ဝန်းသိုမြို့ ခန္တီးရိပ်သာ
> ဆရာတော်၏ ပစ္စယ ဓမ္မ ထောက်ပံ့မှုဖြင့် သာသနာဘောင်တွင် ပျံလွန်တော်မူသည့်အထိ
> ဝိပဿနာ တရားတို့ကို ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း၊ တကည့် ဒါယိကာ
> ဒါယကာမတို့အားလည်း တရားစခန်းများဖွင့်လှစ်ကာ ဝိပဿနာတရားများကို
> ပွားများအားထုတ်ခွင့်ရစေနိုင်ရန် ဟောပြောပြသနည်းလမ်းပေးခြင်းများကို
> စဉ်ဆက်မပြတ် ဟောပြောပြသတော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၇၉နှစ်
> သိက္ခာတော် ၃၀ပြည့်  ၁၃၇၆ ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ရက်(၂၀၁၅ ခုနှစ်
> ဇန်နဝါရီ ၁၈ ရက်) နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်
> မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာ ဥတ္တရာသီရိကျောင်းတွင်
> ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။  ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား ဆရာတော်၏ မိန့်မှာချက်အရ ၁၃၇၆ ခုနှစ် တပို့တွဲလဆန်း ၂ ရက်(၂၀၁၅ ခုနှစ် ဇန်နဝါရီ
> ၂၁ရက်) နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
> အင်းတော်မြို့နယ်၊ ဖုန်ကုန်းတောင် သီရိမင်္ဂလာကျောင်းတိုက်တွင်
> မီးသဂြိုဟ်ပြီး ဂူသွင်းပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment