Sunday, January 4, 2015

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
မိုးညှင်း| ဇန်နဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီ ၄ ရက်က ၆၇  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်အလံ လွှင့်တင်ခြင်း အခမ်းအနားကို နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။ ထို့နောက် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့မှ အမှာစကားပြောကြားကြပြီး ၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား မုန့်ဟင်းခါး အာဟာရဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာ ဆရာမများ| ကင်းထောက် လူငယ် ကျောင်းသား ကျောင်းသူလေးများ| ဘင်ခရာတပ်ဖွဲ့ဝင်များ| အလှူရှင်များ| ဖိတ်ကြားထားသူများနှင့် ဋ္ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်

No comments:

Post a Comment