Monday, February 23, 2015

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန်

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ပြ...
The Voice Weekly's Facebook Wall / The Voice Weekly / 11 hours ago

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပြည်တွင်းပုဂ္ဂလိကသတင်းစာ အချို့တွင် မျက်နှာဖုံးသတင်း အဖြစ် နေ့စဉ်ရက်ဆက် ဖော်ပြခံခဲ့ရသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို သန်လျင် ရေနံချက်စက်ရုံအနီး ဆင်းကျုံးဆိပ်ခံ တံတားအနီး၌ တစ်ပတ်အတွင်း စတင်ဆည်ယူမည် ဖြစ်ကြောင်း ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် ဦးကျော်ဝင်းက ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းကြီးဟု ယူဆရသည့် သန်လျင်ရေနံချက်စက်ရုံ အနီးရှိ ဆင်ကျုံးဆိပ်ခံ တံတား၏ ၁၀ ပေအကွာ ရေအောက်တွင် ရှိသော ဂမူကြီးကို Echo Sounder ဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး GPS စနစ်နှင့် Google Earth တို့တွင်လည်း ခေါင်းလောင်းနှင့် အသွင်သဏ္ဌာန်တူသော ပုံရိပ်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါဂမူကြီးကို လှေပေါ်မှ တံစဉ်းဖြင့် တိုက်ကြည့်ရာ ကြေးဝါများ ပါလာသည်ကို တွေ့ရှိရသဖြင့် အဆိုပါဂမူကြီးကို ဓမ္မစေတီခေါင်းလောင်းဟု အတည်ပြုပြီး ရေငုပ်အဖွဲ့များနှင့် ဆွေးနွေးပြီးပါက တစ်ပတ်အတွင်း ဆည်ယူမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ခေါင်းလောင်းက နှစ်လုံးပါ၊ တစ်လုံးနဲ့ တစ်လုံးက ၅ ပေလောက်ပဲ ကွာတယ်။ ဂမူကြီးကို သန့်ရှင်းရေးလုပ်ပြီး တံစဉ်းနဲ့ တိုက်ကြည့်တော့ ကြေးဝါတွေ တွေ့ရတယ်၊ ရေငုပ်အဖွဲ့က အခြားအလုပ်တစ်ခု ရှိနေလို့ပါ။ အဆင်ပြေမယ်ဆိုရင် ဒီတစ်ပတ်အတွင်းမှာ စတင်ဆည်ယူမယ်” ဟု ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေနေသူ ဦးကျော်ဝင်းက ပြောဆိုသည်။

ခေါင်းလောင်းဆယ်ယူရန် အတွက် မျိုးချစ်စိတ်ရှိသည့် အမည်မဖော်လိုသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆယ်ယူရေးအတွက် လိုအပ်သော ငွေကြေးကို ထောက်ပံ့ပေးမည် ဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်း၏ ကွင်းရှိသည့် နေရာကို မှန်းပြီး အဆိုပါကွင်းမှ ကြိုးဖြင့် ချိတ်မပြီး ဆယ်ယူမည် ဖြစ်ကြောင်း ဦးကျော်ဝင်းက ထပ်မံပြောဆိုသည်။

“သူ့စေတနာနဲ့သူ ရှာဖွေနေတာ ဖြစ်တော့ ဟုတ်တယ် မဟုတ်ဘူး၊ ရှိတယ် မရှိဘူး ပြောရမှာ ခက်ပါတယ်၊ အစိုးရကလည်း ယခင်က ဆယ်ယူခဲ့ဖူးသလို စင်ကာပူက ရေအောက်သယံဇာတ ရှာဖွေရေးအဖွဲ့တွေနဲ့လည်း ရှာဖွေဖို့ လုပ်ခဲ့ဖူးပါတယ်၊ ဓမ္မစေတီခေါင်းလောင်း ဟုတ်တယ် မဟုတ်ဘူးထက် ဆရာတို့ အခုလက်ရှိ ထပ်တွေ့လာရတဲ့ အထောက်အထားအသစ်တွေ အရကတော့ ဓမ္မစေတီခေါင်းလောင်း ရှိခဲ့တယ် ဆိုတာတောင် တိတိကျကျ ပြောဖို့အတွက် အားလျော့နေတယ်” ဟု စာရေးဆရာ ချစ်စံဝင်းက သုံးသပ်ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြစ်၊ လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ ရန်ကုန်မြစ်ဝတွင် ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ဦးစံလင်းနှင့်အဖွဲ့က သြဂုတ်လ ၉ ရက်နေ့တွင် စတင်ပြီး ရက်ပေါင်း ၃၆ ရက်ကြာ ရှာဖွေခဲ့သော်လည်း ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။

ကုန်းဘောင်ခေတ်နှောင်းပိုင်း ရုပ်သေးဆရာကြီး ဆတိုင်မွတ် ဦးကူး ရေးသားခဲ့သော လူဝံမောင်နှမ ပြဇာတ်တွင် စတင်ရေးသားလာရာမှ သမိုင်းစာ၊ ဇာတ်စာ၊ သိုက်စာ၊ ဘုရားစာတို့တွင် အဆိုပါ ခေါင်းလောင်းကြီးအကြောင်း ဖော်ပြခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးတွင် ငွေလှူဒါန်းခဲ့သူ ပဲခူးရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ကမူ “ဦးကျော်ဝင်း အမှန်တကယ်တွေ့လို့ အခုလို ပြောရဲတာပါ။ ကျွန်တော့်အနေနဲ့ ဘုန်းရှင်ကံရှင်များသာ ဒီလို သာသနာနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလောင်းဆယ်ယူရေးအတွက် အလှူငွေ ၁၁ သိန်း လှူဒါန်းပါမယ်။ ထပ်တွေ့တယ် ဆိုရင်လည်း ထပ်လှူပါဦးမယ်” ဟု ဆိုသည်။
Visit website

No comments:

Post a Comment