Saturday, February 28, 2015

ဟဲနုတွင် ထရန်စဖော်မာ တပ်ဆင်


လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝသုံးစွဲနိုင်ရေး ထရန်စဖော်မာ တပ်ဆင်
> မော်လူး | ဖေဖော်ဝါရီ ၂၈
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရန် ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
> မော်လူးဒေသ ဟဲနုရပ်ကွက်တွင် မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများမှ ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ " ကျွန်တော်တို့ အခုဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီူဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရဲ့ ၂၀၁၄/၁၅ ခုနှစ် ခွင့်ပြုရံပုံငွေနဲ့ မော်လူးဒေသ ဟဲနုရပ်ကွက် အတွက် အရှည်ပေ ၁၅၀၀ ရှိ 11 KV လိုင်းနဲ့ 400 V  ဓာတ်အားလိုင်း ၁၀၀ ပေကိုလည်း တိုးချဲ့ သွယ်တန်းပါတယ်။ 11/0.4 KV 200 KVA ထရန်စဖော်နဲ့ ခွဲရုံတစ်ရုံကို ဆောင်ရွက်နေတာပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲကြသူတွေ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးနဲ့ ဓာတ်အားပျောက်ဆုံးမှု လျှေားနည်းစေရေးအတွက် လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း ယခင် အသားတိုင်များနေရာတွင် ကွန်ကရစ်ဓာတ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်း စတာတွေကို ဆောင်ရွက်ပေးနေပါတယ်။ " ဟု မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းမှ ပြောပြသည်။ မော်လူးအနီးရှိ ရပ်ကွက်များတွင် ထရန်စဖော်များ တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနေကြပြီဖြစ်ပြီး ယခုလည်း မော်လူးဒေသဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
>

No comments:

Post a Comment