Tuesday, February 24, 2015

အင်းတော်မြို့က ပေးပို့လာသည့် သတင်း




အင်းတော်မြို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာထေရ်မြတ်၏ အရိုးအိုးဂူအနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာစေလို
အင်းတော်၊ ဖေဖော်ဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံ(နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာထေရ်မြတ်)၏ အရိုးအိုးဂူ အနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာမှုများ ရှိရန် ဒေသခံမြို့သူမြို့သားများ လိုလားလျှက်ရှိကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ အရိုးအိုးဂူသည် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း ဖြတ်သန်းသွားရာ အင်းတော်မြို့အဝင်တွင် တည်ရှိသည်။ ယင်းအရိုးဂူတည်ရှိရာ နေရာတွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေခြင်း၊ သားသတ်လိုင်စင်မရှိပဲ သားသတ်လုပ်ငန်းများ လုပ်ကိုင်နေခြင်း၊ တရားမဝင် လိုင်စင်မဲ့ အရက်များရောင်းချနေခြင်းများ ပြုလုပ်နေကြသည့်အပြင်၊ အညစ်အကြေးများ၊ မစင်များကိုလည်း လာရောက်စွန့်ပစ်မှုများရှိနေပါသည်။ အရိုးအိုးဂူအား ကာရံထားသည့် အုတ်တံတိုင်း အလှူရှင်အမည်များမှာလည်း ဈေးဆိုင်ခန်းများ ကွယ်နေသဖြင့် အလှူရှင်များမှာလည်း စိတ်မချမ်းမြေ့မှုများ ဖြစ်ပေါ်နေရပါသည်။ အင်းတော်မြို့၏ ဂုဏ်ဆောင်ဖြစ်သည့် အောင်မေတ္တာ ဝင်ဒါမီယာရပ်ကွက်နှင့်လည်း နီးကပ်စွာတည်ရှိနေရာ မြို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်သာမက လူအများ၏ အလေးအမြတ်ထားရာနေရာတွင် အမြင်မတော်သည်များဖြစ်ပွားနေသည်ကို မြင်တွေ့နေရသဖြင့် ယင်းအရိုးအိုးဂူအနီးတွင် သန့်ရှင်းသာယာမှုရှိစေရန် ဒေသခံမြို့သူမြို့သားများမှ လိုလားလျှက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်

No comments:

Post a Comment