Sunday, February 1, 2015

news of mawlu ( 27/28.1.15)

နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ဇန်နဝါရီ ၂၇ ရက်နေ့က နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လည် ၁၂ အချိန်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ညှိုနှိုင်းဆွေးနွေးရာသို့ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်ဝင်းခိုင်၊ ကျေးလက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နန့်စီးအောင်-ပေကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ခွဲဝေချထားပေးသည့် ကျပ်သိန်း ၄၀နှင့် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ၄ လက်မနှင့် ၂ လက်မ ပိုက်များကို ပံ့ပိုးပေးထားကြောင်း၊ ထို့အတွက် သဘာဝစိမ့်စမ်းရေရရှိရေး ကော်မတီကို ဖွဲ့စည်းထားပြီး  ရေရရှိရေးအတွက် အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တောင်သူလယ်သမားများအား လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ တောင်သူလယ်သမားများအား လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၈ရက် နံနက် ၁၀ နာရီတွင် မော်လူး အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်းရှင်းလင်းရာသို့ အင်းတော်မြို့ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အတွင်းရေးမှူး ဦးကျော်ကျော်လွင်(မြေစာရင်း ဦးစီးမှူး)၊ မြို့နယ်အထောက်အကူပြုကော်မတီဝင် ဦးချစ်ရွှေ၊
မြို့နယ် စိုက်ပျိုးရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ် ဒုတိယ ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း(SAE)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မော်လူးဒေသ ကျေးရွာအုပ်စု အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အင်းတော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်လွင်တို့မှ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းသို့ အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လူးအခြေခံပညာ အထက်တန်းကျောင်းအတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ၂.၁၁.၂၀၁၄ ရက်နေ့က ကျပ်ငွေ ၁၅ သိန်းဖြင့် စာသင်ခုံ ၅၀ အား ပြုလုပ်နိုင်ရန် ချမှတ်ပေးထားခဲ့ရာ ယင်းစာသင်ခုံများ ပြုလုပ်ပြီးစီးမှုကို  အင်းတော်မြို့ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ် အထောက်အကူပြု အဖွဲ့ဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ မော်လူးအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်မှ စာသင်ခုံ ပြုလုပ်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်းတုန်းကျေးရွာအုပ်စု လေးတန်းချောင်းကူးတံတား ကမ်းကပ်ခုံ မြေသားဖို့ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်း စစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ် ဆောက်လုပ်ထားသည့် လေးတန်းချောင်းကူး ကြိုးတံတားအား မံဟဲကျေးရွာဘက်အခြမ်းတွင် ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းမံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ်ထားသည့် လေးတန်းချောင်းကူးတံတားသည် အရှည် ၅၈၆ ပေ၊ အကျယ် ၄ ပေ၊ အမြင့် ၁၇ ပေရှိ ကြိုးတံတားအမျိုးအစားဖြစ်ပြီး၊ ကမ်းကပ်ခုံအဖြစ်  ၂၀၀ ပေခန့်ကို မြေသားဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်နိုင်ရန်အတွက် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းစစ်ဆေးရာ ဟောင်းတုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုံးကျော်မှ လိုက်လံပြသ ရှင်းပြခဲ့သည်။ ယင်းတံတားအား ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းအတွက် ကျပ်ငွေ ၃၅သိန်းကို လွှတ်တော်(၂၀၁၄/၁၅ ဘတ်ဂျက်ငွေ)မှ ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment