Monday, March 2, 2015

မော်လူးသတင်းအဖွဲ့သို့ ဖုန်းဆက်ပေးပို့လာသည့် သတင်း



အင်းတော်ကြီး ရေလယ် ရွှေမဉ္ဇူဘုရားပွဲသွားရာ နန့်မွန်းတောင်ခြေဖြတ်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
မိုးညှင်း၊ မတ် ၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ရေလယ် ရွှေမဉ္ဇူဘုရားပွဲသို့ သွားရာ နန့်မွန်းတောင်ခြေ ၁၁ မိုင် တောင်ပတ်လမ်း ဖြတ်လမ်းအဆင်း မတ်လ ၂ ရက်နေ့က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂ ရက် ညနေ ၃ နာရီအချိန်ခန့်က မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာမှ ယာဉ်မောင်း သက်ပိုင်ကျော် ၂၃ နှစ် မောင်းနှင်လာသည့် ခရီးသည် ၅၀ ဦးပါ တုန်ဟုန်းအမျိုးအစား လေးလုံးထိုး မော်တော်ယာဉ်(ယာဉ်အမှတ်/ -----)သည် အင်းတော်ကြီး ရေလယ်ရွှေမဉ္ဇူဘုရား(၁၄၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဘုရားဖူးရန် ခရီးသည် (၅၀)ဦးတင်ဆောင်ပြီး မောင်းနှင်လာစဉ် နန့်မွန်းတောင်ခြေ ၁၁ မိုင် တောင်ပတ်လမ်း ဖြတ်လမ်းအဆင်းတွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၆ ဦးသေဆုံးခဲ့ပြီး ၄၄ ဦးမှာ ဟိုပင်တိုက်နယ်ဆေးရုံ၊ မိုးညှင်းမြို့နယ် ဆေးရုံများတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။ယာဉ်မောင်း သက်ပိုင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံးတုံရဲစခန်းမှ စခန်းမှူး ရဲအုပ် ရဲထွန်းမှ တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံးတုံရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ သက်ပိုင်ကျော် ၂၃ နှစ်၊ နမ္မားကျေးရွာ၊ မိုးညှင်းမြို့နယ် နေသူအား ယာဉ်(ပ) ၄/၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄(က) အရ အမှုဖွင့် အရေးယူခဲ့ပြီး တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးနှင့် ထိရောက်သော ပြစ်ဒဏ်ရရှိရေးအတွက် အမှုစစ် ဒုရဲအုပ် ဘုန်းမြင့်ထူးမှ ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဓာတ်ပုံကို kotunwinlatt facebook မှ ယူသုံးထားပါသည်။

No comments:

Post a Comment