Friday, March 6, 2015

မော်လူးတွင် အရက်ဘီယာအရောင်းဆိုင်များအား စစ်ဆေး


မော်လူးတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား စစ်ဆေးအရေးယူ
မော်လူး၊ မတ် ၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများမှ စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
မော်လူးတွင် နိုင်ငံတော်အစိုးရအား ယစ်မျိုးလိုင်စင်ခွန်ဆောင်ကာ ရောင်းချနေသည့် အရက်ဘီယာဆိုင် ၇ ဆိုင်ရှိပြီး ယင်းဆိုင်ရှင်များမှ ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား တာဝန်ရှိသူများမှ စစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ယစ်မျိုးလိုင်စင်မရှိပဲ အရက်ဘီယာရောင်းချနေသည့် ဆိုင်များအား စစ်ဆေးရာသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဋ္ဌာန ဒုဦးစီးမှူး ဦးစိုးထိန်ဝင်း၊ မြို့နယ် အခွန်ဦးစီးဋ္ဌာနမှ ဦးတင်ဦး၊ မြို့နယ်စည်ပင်ဋ္ဌာနမှ ဦးသန်းမြင့်ဝေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဋ္ဌာနမှ စာရေးအဆင့်(၁) ဦးအောင်ဇော်ထွန်း၊ မြို့နယ် ကျန်းမာရေးဋ္ဌာနမှ ဦးအောင်သန်းဝင်း၊ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ မော်လူးရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဝေမိုး၊ တပ်ကြပ် အောင်အောင်လတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် ဆိုင်များမှ ပြည်တွင်းဖြစ်အရက်၊ နိုင်ငံခြားအရက်၊ ဘီယာများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့သို့ ယစ်မျိုးလိုင်စင်မရှိပဲ အရက် ဘီယာများရောင်းချနေသည့် ဆိုင်များအား တရားဥပဒေအရ အရေးယူနိုင်ရန် မော်လူးရဲတပ်ဖွဲ့စခန်းမှ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment