Thursday, April 30, 2015

မူလတန္းအဆင့္ ေက်ာင္းသားတိုင္း ေက်ာင္းစိမ္းအက်ႌမ်ား ဇြန္လကုန္ စေပးမည္

မူလတန္းအဆင့္ ေက်ာင္းသားတိုင္း ေက်ာင္းစိမ္းအက်ႌမ်ား ဇြန္လကုန္ စေပးမည္

ရန္ကုန္၊ ဧၿပီ ၂၇

ပညာေရး ဝန္ႀကီးဌာနက ႏိုင္ငံတစ္ဝန္းမွ မူလတန္းအဆင့္ ေက်ာင္းသားတိုင္းကို ေက်ာင္းလခႏွင့္ ျပဌာန္းစာအုပ္မ်ား အခမဲ့ သတ္မွတ္ေပးထားသည့္အျပင္ ေက်ာင္းစိမ္းဝတ္စုံ တစ္စုံစီကို လာမည့္ ဇြန္လကုန္တြင္ စေပးမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးက The Voice သို႔ ေျပာၾကားသည္။
“အခုဆိုရင္ တခ်ဳိ႕ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြ ေရာက္ေနၿပီ။ မေရာက္ေသးတာေတြေတာ့ ရွိေသးတယ္။ ဇြန္လကုန္ေတာ့ အကုန္စေပးမွာပါ” ဟု ၎က ေျပာဆိုသည္။

ပညာေရး ဝန္ႀကီးဌာနက ဇြန္လ ၁၅ ရက္ ေနာက္ဆုံး အေျခခံပညာေက်ာင္းတိုင္းကို အေရာက္ပို႔ေပးမည္ ျဖစ္ေၾကာင္း၊ အခ်ဳိ႕အေျခခံပညာ ေက်ာင္းမ်ားသို႔ ေက်ာင္းဝတ္စုံမ်ား ရရွိေနၿပီျဖစ္ေၾကာင္း ပညာေရး ဝန္ထမ္းမ်ားထံမွ စုံစမ္းသိရွိရသည္။

“ရန္ကုန္တိုင္းကိုေတာ့ ေက်ာင္းဝတ္စုံေတြ ေရာက္ေနပါၿပီ” ဟု ရန္ကုန္တိုင္း ပညာေရးမွဴး႐ုံး တာဝန္ရွိသူတစ္ဦးက အတည္ျပဳသည္။

အလားတူ မေကြးတိုင္းေဒသႀကီး အေျခခံပညာေက်ာင္း အခ်ဳိ႕ကိုလည္း ေက်ာင္းစိမ္းဝတ္စုံမ်ား ေရာက္ရွိေနၿပီျဖစ္၍ ေက်ာင္းအပ္ႏွံမည့္ေန႔တြင္ ေက်ာင္းဝတ္စုံမ်ား တစ္ပါတည္းေပးမည္ ျဖစ္ေၾကာင္း ယင္းတိုင္းေဒသႀကီး မူလတန္း ေက်ာင္းအုပ္ဆရာတစ္ဦးက The Vocie သို႔ ေျပာၾကားသည္။

ေက်ာင္းစိမ္းဝတ္စုံမ်ား ပံ့ပိုးေပးမည့္ အစီအစဥ္ကို ပညာေရးဝန္ႀကီး ေဒါက္တာေဒၚခင္စန္းရီက ဒီဇင္ဘာလ ၅ ရက္က ေနျပည္ေတာ္တြင္ က်င္းပေသာ ကမာၻ႔အမ်ဳိးသမီးမ်ားဖိုရမ္တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္


unicode version

မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအကျႌများ ဇွန်လကုန် စပေးမည်

ရန်ကုန်၊ ဧပြီ ၂၇

ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်းစာအုပ်များ အခမဲ့ သတ်မှတ်ပေးထားသည့်အပြင် ကျောင်းစိမ်းဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အခုဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရောက်နေပြီ။ မရောက်သေးတာတွေတော့ ရှိသေးတယ်။ ဇွန်လကုန်တော့ အကုန်စပေးမှာပါ” ဟု ၎က ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် နောက်ဆုံး အခြေခံပညာကျောင်းတိုင်းကို အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ အချို့အခြေခံပညာ ကျောင်းများသို့ ကျောင်းဝတ်စုံများ ရရှိနေပြီဖြစ်ကြောင်း ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်တိုင်းကိုတော့ ကျောင်းဝတ်စုံတွေ ရောက်နေပါပြီ” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

အလားတူ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း အချို့ကိုလည်း ကျောင်းစိမ်းဝတ်စုံများ ရောက်ရှိနေပြီဖြစ်၍ ကျောင်းအပ်နှံမည့်နေ့တွင် ကျောင်းဝတ်စုံများ တစ်ပါတည်းပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Vocie သို့ ပြောကြားသည်။

ကျောင်းစိမ်းဝတ်စုံများ ပံ့ပိုးပေးမည့် အစီအစဥ်ကို ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမာ္ဘ့အမျိုးသမီးများဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်

No comments:

Post a Comment