Saturday, May 23, 2015

ဖားပန်ကျေးရွာ သဘာဝစိမ့်စမ်းရေ ရရှိရေး အကူအညီလိုအပ်



ဖားပန်ကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေး ဆောင်ရွက်လျက်ရှိ
အင်းတော် မေ ၂၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ဒေသခံရွာသူ/သားများမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဖားပန်ကျေးရွာသည် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးဘေးတွင် တည်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ကာ ကျေးရွာနေပြညိသူများ သောက်သုံးရေကို လွယိကူစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာနှင့်တစ်မိုင်ခန့်ကွာဝေးသည့် စိမ့်ရေပေါက်မှ ရေကို ကျေးရွာသို့ သွယ်ယူရရှိနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။ ရေသိုလှောင်ကန်ကို အလျား ၄၀ ပေ အနံ ၂၀ ပေ အမြင့် ၁၀ရှိ မြေသားကန်အဖြစ် တူးဖော်ထားပြီး ရေပိုက်သွယ်တန်းမည့် လမ်းကြောင်းကိုလည်း တူးဖော်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဖားပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇနိန္ဒမှ မိန့်ကြားသည်။ စိမ့်စမ်းရေ သွယ်ယူရရှိရေးကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ငွေကြေးအင်အား မတတ်နိုင်သဖြင့် ပြီးစီးအောင် မဆောင်ရွက်နိုင်သေးကြောင်း ဖားပန်ကျေးရွာတွင် အိမ်ခြေ ၃၇ အိမ်ရှိပြီး လျှပ်စစ်မီးအတွက်မူကျေးလက်ဒေသဖွံ့ဖြိုးရေးမှ တပ်ဆင်ပေးထားသည့် ဆိုလာစနစ်ကိုသာ သုံးစွဲနေကြရသည့် ကျေးရွာတစ်ရွာဖြစ်ရာ သဘာစိမ့်စမ်းရေ သွယ်ယူရရှိရေး အောင်မြင်နိုင်ရန်လည်း အကူအညီလိုအပ်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment