Sunday, May 17, 2015

အင်းတော်မြို့တွင် နွေရာသီ ပဲတီစိမ်း စမ်းသပ်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်လေးကျေးရွာ ကွင်းအမှတ် - ၁၀၂၉၊ ဦးပိုင်အမှတ်(၅)ရှိ တောင်သူ ဦးခင်ဖေ၏ လယ်မြေ ၂ ဧကပေါ်တွင် နွေပဲတီစိမ်းအဖြစ် ရေဆင်း (၁၁)ပဲတီစိမ်းမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
ရေဆင်း ၁၁ ပဲတီစိမ်းမျိုးသည် မှိုဇိပ်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်တမ်းအားဖြင့် ရက် ၇၀ ခန့်ရှိသည့် အထွက်ကောင်းမျိုးဖြစ်ကြောင်း၊ အင်းတော်မြို့နယ် အနေဖြင့်  ယခုနှစ်နွေရာသီတွင် နွေစပါး ၆၁၄ ဧက စိုက်ပျိုးထားပြီး လာမည့်နှစ်နွေရာသီတွင် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်လာစေရန် ရေလိုအပ်ချက်နည်းသည့် ရေဆင်း ၁၁ ပဲတီစိမ်းမျိုးကို ပိုမိုစိုက်ပျိုးနိုင်ကြရန် တိုးချဲ့စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်ထံမှ သိရသည်။

unicode version


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်လေးကျေးရွာ ကွင်းအမှတ် - ၁၀၂၉၊ ဦးပိုင်အမှတ်(၅)ရှိ တောင်သူ ဦးခင်ဖေ၏ လယ်မြေ ၂ ဧကပေါ်တွင် နွေပဲတီစိမ်းအဖြစ် ရေဆင်း (၁၁)ပဲတီစိမ်းမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလှျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဆင်း(၁၁) ပဲတီစိမ်းမျိုးကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စမ်းသပ် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်၊ ဒုတိယ မန်နေဂျာ ဦးစိုးရွှေနှင့် ဝန်ထမ်းများ၊ နတ်မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဖေနှင့် တောင်သူများက ဧပြီ ၂၅ ရက်နေ့တွင် သွားရောက်ကွင်းဆင်း မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ရေဆင်း ၁၁ ပဲတီစိမ်းမျိုးသည် မှိုဇိပ်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်တမ်းအားဖြင့် ရက် ၇၀ ခန့်ရှိသည့် အထွက်ကောင်းမျိုးဖြစ်ကြောင်း၊ အင်းတော်မြို့နယ် အနေဖြင့်  ယခုနှစ်နွေရာသီတွင် နွေစပါး ၆၁၄ ဧက စိုက်ပျိုးထားပြီး လာမည့်နှစ်နွေရာသီတွင် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်လာစေရန် ရေလိုအပ်ချက်နည်းသည့် ရေဆင်း ၁၁ ပဲတီစိမ်းမျိုးကို ပိုမိုစိုက်ပျိုးနိုင်ကြရန် တိုးချဲ့စည်းရံုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်ထံမှ သိရသည်။


No comments:

Post a Comment