Friday, May 8, 2015

ကဲကဲ ကျောင်းဆရာ ဆရာမ တွေ သိထားသင့် သည့် အကြောင်းအရာလေးပါ facebook က မ လာတာပါ

ပညာရေးမိသားစုသို့

ရာထူးတိုး နှင့် အပြောင်းအရွေ့ ကိစ္စ
များတွင်တိုင်း ခရိုင် မြို့နယ် ရုံးများက
လုပ်ချင်ရာလုပ်၍မရတော့ပါ။
၂၀၁၄/၂၀၁၅ ပညာသင်နှစ်မှစ၍
တိုး/ပြောင်း လျှောက်လျှင်ရမှတ် တန်းစီ
ရပါတယ်။ထိုရမှတ်တန်းစီဇယားကို
သက်ဆိုင်သူများကြည့်ရှုခွင့်ရှိပါတယ်။
ရုံးများကလည်း ကြည့်လိုသူများ
ကိုမပြမဖြစ်ပြပေးရပါတယ်။မိမိထက်
ရမှတ်နည်းသူများကပြောင်း/တိုးသွား
ပါက(မိမိမရ)တိုင်ကြားနိုင်ပါသည်။
သတိမထားမိကြတာက ဆန္ဒပြုနယ်ပယ်အကျယ်အဝန်းဖြစ်ပါ
တယ်။မိမိရချင်သောကျောင်းလစ်လပ်
မရှိလျှင်လည်း ထည့်လျှောက်ပါ။
ကိုယ်ကရမှတ်တော့များပါရဲ့ မသိလို့
ထည့်မလျှောက်မိ နည်းတဲ့သူကထည့်
လျှောက်ထားရင် သူပဲရမှာပါ။
အဲ့ဒီမှာပြဿနာစတာပဲ။
တန်းစီရမှတ်တူလျှင်ဆန္ဒပြုနယ်အကျယ်ဝန်းကိုရာထူးတိုးကိစ္စများတွင်ဦးစား
ပေးပါသည်။
ယခုနောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာအခက်အခဲများကို
သီးခြားရေးတင်ခွင့်ရှိပါသည်။ဝန်ထမ်းမိသားစုပေါင်းစည်းရေးဦးစားပေးပါသည်
ကျောင်းအနီးအဝေး(တာဝန်ထမ်းဆောင်နေသော)အဆင့် E D C B Aအလိုက်
ဦးစားပေးရပါသည်။
ရာထူးတိုး ပြောင်းရွေ့ကိစ္စများမမှန်
မကန်လုပ်လျှင်တိုင်းပါ။
သို့သော် မိမိကလည်းမူဝါဒကိုသေ
သေချာချာနားလည်ဖို့လိုပါသည်။
ရုံးတွေကလူတွေကိုအကူညီတောင်း
လျှင်လည်းဘောင်ထဲကပဲကူညီလို့ရမှာ
ပါ။အလိမ်မခံရပါစေနဲ့။

အဆင်ပြေကြပါစေ။

from  thein swe win `s facebook post



No comments:

Post a Comment