Saturday, June 27, 2015

မိဘတွေ သားသား တွေကို သတိပေးလိုက်ကြအုန်း

ကြက်ဆူစေ့စားမိ၍ မြိတ်တွင် ကျောင်းသား ၅၀ ကျော် ဆေးရုံရောက်

မြိတ်၊ ဇွန် ၁၄

မြိတ်ခရိုင် ပုလောမြို့နယ် ပလတိုက်နယ် အထက်တန်းကျောင်းတွင် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင် စိုက်ထားသည့် ကြက်ဆူပင်များ၏ အစေ့ကို စားမိရာမှ ကျောင်းသူကျောင်းသား ၅၀ ကျော် မူးဝေအော့အန်သဖြင့် ဆေးရုံတင်လိုက်ရကြောင်း ယင်းတိုက်နယ် ဒေသခံများထံမှ သိရသည်။

ကျောင်းပတ်လည်တွင် စိုက်ထားပြီး လူတစ်ရပ်အမြင့် ရှိနေပြီ ဖြစ်သည့် ကြက်ဆူပင်၏ အသီးမှအစေ့ကို ထုခွဲစားရာမှ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသား ၅၀ ကျော်မှာ မူးဝေအော့အန်လာသဖြင့် ယင်းသို့ ဆေးရုံတင်ပို့ခဲ့ရခြင်း ဖြစ်ကြောင်း ပလဒေသခံ ဦးစိုးဝင်းက ပြောကြားသည်။

“စဖြစ်ချိန်မှာ ကလေး ၃၈ ဦး ကျောင်းခန်းထဲမှာ မူးဝေအော့အန်ပြီး လဲကုန်တယ်။ ဖြစ်ဖြစ်ချင်းတော့ ဒီကလူတွေ အကူအညီတောင်းပြီး ကလေးတွေကို ပလဆေးရုံကို ချက်ချင်းတင်လိုက်ရတယ် ပြောတယ်” ဟု ပလဒေသခံ ဦးကျော်မင်းက ပြောပြသည်။

ပထမတွင် ကလေး ၃၈ ဦးကို ဆေးရုံတင်ရပြီး နောက်ထပ် ၁၉ ဦး ထပ်မံတင်ပို့ရကာ စုစုပေါင်း ၅၇ ဦး ဆေးရုံရောက်ခဲ့သည်ဟု သိသည်။

ဆေးရုံတက်ရသည့် ကလေးများအားလုံး ပြန်လည်သက်သာသွားပြီ ဖြစ်သဖြင့် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်က ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း ပလဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးထံမှ သိရသည်။

(Dawei Watch)
Visit website

No comments:

Post a Comment