Sunday, September 13, 2015

 အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စုတွင် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကျင်းပ


အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စုတွင် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကျင်းပ

မော်လူး စက်တင်ဘာ ၁၃

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

၂၀၁၅/၁၆ ပညာသင်နှစ် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စု အုန်းဒုတ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စက်တင်ဘာ၁၃ရက် နံနက်၁၀နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါမူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို မော်လူးဒေသမှ မော်လူးအထက၊ နန့်စီးအောင်အထက(ခွဲ)၊ မော်လူးပညာရေးအုပ်စု (အမက-၁၇)ကျောင်း၊ နန့်စီးအောင်ပညာရေးအုပ်စု(အမက-၂၀)ကျောင်းများမှ ဖြေဆိုသူကျောင်းသား ကျောင်းသူ(၃၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း၊ ကသာခရိုင်ပညာရေးဋ္ဌာန၏စီစဉ်ညွှန်ကြားမှုဖြင့် မော်လူးအထက ကျောင်းအုပ်ဆရာမကြီးဒေါ်သောင်းတင့်နှင့် အုပ်စုဆရာ ဆရာမများကဦးစီးဦးဆောင်ပြုကာ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်


No comments:

Post a Comment