Wednesday, December 9, 2015

သစ်တောဥပဒေလောက်တော့ ရီတာပေါ့ ရီတာပေါ့(သို့မဟုတ်) သူ့ထက်သူ လူစွမ်းကောင်းများ (ဟာဂျူလီ-ကသာ) ရော် ဥပဒေ အထက်မှာ ကျောက်စိမ်းလုပ်ကွက် ရှိတယ်လေ




သစ်တောဥပဒေလောက်တော့ ရီတာပေါ့ ရီတာပေါ့(သို့မဟုတ်) သူ့ထက်သူ လူစွမ်းကောင်းများ (ဟာဂျူလီ-ကသာ)
****************
ကသာခရိုင် မော်လူးကျေးရွာအနောက်ခြမ်း သူရောင်းမှော်ထုံးတောင်မှော် မှ ကျောက်စိမ်းရိုင်း သတ္တု စမ်းသပ်ဖော်ထုတ်သည့်ကုမ္ပဏီ၎ခုမှ စမ်းသပ်ဖော်ထုတ်လျှက်ရှိပါသည်၊ စမ်းသပ်ဖော်ထုတ်သည်ဟု ဆိုသော်လည်း စက်ယန္ဒယားများဖြင့်တူးဖော်နေမှုကြောင့်
သဘာဝပါတ်ဝန်ကျင်ပျက်စီးမှုမှာ လျင်မြန်လှပါသည်၊ဧရာမတွင်းကြီးများနှင့် တောင်ပုံရာပုံမြေစာပုံကြီးမှာ ဖန်ဆင်းရှင်များ နာရီပိုင်းအတွင်း ဖန်ဆင်းလိုက်ဘိသကဲ့ဖြစ်နေပါသည်၊ ထိုသို့ သဘာဝပါတ်ဝန်းကျင်ကိုထိပါးနေသော
ထိုလုပ်ကွက်များသည် သစ်တောကြိုးဝိုင်းထဲပါနေသဖြင့် အင်းတော်မြို့နယ် သစ်တောဌာနမှ
အင်းတော်မြို့နယ် တရားရုံးတွင် သစ်တောပိုင်မြေအား ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေမှုကို
တရားစွဲဆိုခဲ့ပါသည်၊ ပုံမှန်အားဖြင့် ထိုသို့ တရားစွဲပါက လုပ်ငန်းများကို ရပ်နားထားရမည်ဖြစ်သော်လည်း ကုမ္ပဏီများမှာ ရပ်နားထားခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ဟာဂျူလီမီဒီယာမှ သတင်းရရှိခဲ့ပါသည်၊ ထိုသတင်းရရှိမှုကို
အခြေခံ၍ ကသာခရိုင်သစ်တောဌာနမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းခဲ့ရာ
၎င်းတို့အနေဖြင့်လည်း ဆက်လက်လုပ်ကိုင်နေသည့် သတင်းကိုရရှိထားပါကြောင်း၊
မကြာခင်သွားရောက်စစ်ဆေးပြီး ဆက်လက်လုပ်ကိုင်နေသည်ဆိုပါက ပိုမိုထိရောက်သည့်
သစ်တောဥပဒေများဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်း ပြန်လှယ်ဖြေဆိုသွားခဲ့ပါသည်။
(ဟာဂျူလီ-ကသာ)
ဓာတ်ပုံ-သီဟဆွေ-ကသာ

fb  မှ  ကူးယူ ထားသည်။ ယောင်း  ဖြစ်နေလို့  ရောင်း ပြင်ထားပြီး  ထုံတောင်  မှော်  ပြန်ထည့်ထားသည်။

No comments:

Post a Comment