Thursday, March 17, 2016

၁၀ မွှာပူး မွေးတယ်တဲ့ဗျာ ဝက် များ ဝင်စား လေရော့သလား?



ရိုးရိုးမွေးဖြင့် ကလေး ၁၁ ယောက်မွေးပြီး စံချိန်တင်တဲ့ အိန္ဒိယနိုင်ငံမှ အမျိုးသမီး
******************************************
အိန္ဒိယနိုင်ငံမှ အသက် ၄၂ နှစ်အရွယ်ရှိ Maria Hernandes သည် ရိုးရိုးမွေးဖြင့် ကလေး ၁၁ ယောက်မွေးပြီး အံသြဖွယ် ကမ္ဘာ့စံချိန်တင်လိုက်သည်။
ကိုယ်ဝန်ဆောင်ချိန် ၃၈ ပတ် ကြာမြင့်ခဲ့ပြီး မကြုံစဖူး ထူးခြားသော ဖြစ်ရပ်တခု ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန် ဒုက္ခများကြောင့် Hernandez နှင့် သူမ၏ အမျိုးသားတို့သည် ဖန်ပြွန်သန္ဓေသား မွေးဖွားရန်
ကြံစည်ခဲ့ကြသေးသော်လည်း နောက်ဆုံးတွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။
၆ ယောက်သည် ယောက်ျားလေးများ ဖြစ်ကြပြီး ကလေးများအားလုံးသည် ၁ ပေါင် နှင့် ၁.၅ ပေါင်ကြား အလေးချိန် ရှိကြသည်။
Riley ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်၌ ကလေးများအားလုံးကို ပြုစုပေးလျှက်ရှိသည်။
ခွဲစိတ်စရာမလိုဘဲ ရိုးရိုးမွေးဖြင့် ကလေးများအားလုံးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သဖြင့် ဆရာဝန်များပင် အံ့အားသင့်ခဲ့ကြသည်။
"ကလေးတွေ တယောက်ပြီးတယောက် ထွက်လာလိုက်ကြတာဗျာ"
"ပထမဆုံးကလေး နဲ့ ၁၁ ယောက်မြောက် ကလေးက ၁၇ မိနစ်ပဲ ကွာတယ်ဗျ" ဟု ဒေါက်တာ William Roberts က ပြောသည်။
၂၀၁၅ ခုနှစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်း စာအုပ်ဝင်ရန် ကြိုးပမ်းသွားမည်ဟု ဆေးရုံဝန်ထမ်းများက ပြောပါသည်။
‪#‎Myanmar‬ Online Fashion Consultant

No comments:

Post a Comment