Friday, April 29, 2016

~~~ပုဗ္ဗဏှသုတ်~~~'



~~~ပုဗ္ဗဏှသုတ်~~~'
_/\_/\_/\_/\_/\_/\_/\_
.
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်းအကျိုး'
====================
.
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက်
အထူးရွတ်ဆိုရန် သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း အထစ်
ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော
ကိစ္စတခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို
သရဇ္ဈယ်ပါ။ မုချအောင်ပါလိမ့်မည်။
.
ပုဗ္ဗဏှသုတ် မြန်မာပြန်'
===============
.
(၁)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
aသာငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်
ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်
ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
.
.
(၂)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ 
အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်
တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
.
.
(၃)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်
မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ 
ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေ
သတည်း။
.
.
(၄)ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူ
အားလုံး ထိုဘေး အန္တရာယ်မှ လွတ်ကင်းကြပါစေ။ 
စိုးရိမ်သောက ဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
.
.
(၅) အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည်
ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
.
.
(၆)အရာရာ ပြည့်စုံချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် 
လှူဒါန်းကြပါ။ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်း ဘာဝနာ 
ပွားများကြပါ။ယခုအခါ၌တရားနာရောက်နေကြသောနတ်အပေါင်း
တို့ ပြန်သွားနိုင်ကြပါပြီ။
.
.
(၇)အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊
ပစ္စေကဗုဒ္ဓါ ဘုရားငယ်၊ ရဟန္တာ အရှင်သူမြတ်တို့၏ ဉာဏဗလ 
စွမ်းရည်တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
.
.
(၈)လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ ရှိသော ရတနာတို့သည်
ဘုရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် 
ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် 
သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
.
.
(၉) လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည်
တရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာ
သည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာ စကားကြောင့် သတ္တဝါအများ ချမ်းသာ
ကြပါစေသတည်း။
.
.
(၁၀)လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည်
သံဃာတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာ
ရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ
ချမ်းသာကြပါစေသတည်း။
.
.
(၁၁) သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၂)သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၃) သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၄)မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသား
အပေါင်း၏ အကျိုးစီးပွါးအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်
မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်သို့
ရောက်တော်မူခဲ့လေပြီ။ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် 
သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။
.
.
(၁၅)သာကီဝင်မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုး
ပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို
အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း
ဖြစ်ပါစေသတည်း။ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ 
သင့်အား အောင်မြင် ရရှိပါစေသတည်း ။
.
.
(၁၆)သဗ္ဗညူ ဘုရားအဆူဆူတို့ ဗုဒ္ဓါ ဘိသေက မင်္ဂလာ ခံယူရာလည်း
ဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ 
အဦးအထိပ်လည်းဖြစ်သော အပရာဇိတ ပလ္လင်တော်၌ မြတ်စွာဘုရား
သည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် 
ဝမ်းမြောက်တော်မူခဲ့လေပြီ။
.
.
(၁၇) ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်း ကြုံပါစေ။
မင်္ဂလာကောင်းရှိပါစေ။ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်း
ရောက်ပါစေ။ ကောင်းစွာ တိုးတက်ပါစေ။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊
နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ။ အကျင့်မြတ်ကို
မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား  ကောင်းစွာ
ပူဇော်ခြင်းဖြစ်ပါစေသတည်း။
.
.
(၁၈) မြတ်သော ကိုယ်အမှု၊ မြတ်သော နှုတ်အမှု၊ မြတ်သော
စိတ်အမှု ရှိပါစေ။ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံ
မှုတို့၌ သင်၏ စိတ်ကို ဆောက်တည်နိုင်ပါစေသတည်း။
.
.
(၁၉)လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သောအမှုကိစ္စတို့ကို
ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရရှိကြ
ကုန်၏။မြတ်သောအကျိုးတရားတို့ကို ရရှိသောသူတို့သည် ချမ်းချမ်း
သာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရား သာသနာ၌ ကြီးပွား
တိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်
အတူ ကျန်းမာ ချမ်းသာကြပါစေကုန်သော်။
.
.
. ပုဗ္ဗဏှသုတ် အနက်ပြီး၏ ။ ။
.
_______ ခဂ္ဂါ(ရု ပ္ကဆိုး)' ______
ပရိတ်ကြီး(၁၁)သုတ် စ-ဆုံး · Feb 25 ·

@@@@@@@@@@@@@@@@@@@

Myanmar Daily Star  page  မှ  ကူးယူဖေါ်ပြသည်


No comments:

Post a Comment