Tuesday, May 3, 2016

အသက် ၁၈ နှစ်ပြည့်ပြီး မူလတန်းအောင်မြင်ထားသူတိုင်း အတွက် စားရိတ်ငြိမ်းသင်တန်း ခေါ်ပြီ



အသက် ၁၈ နှစ်ပြည့်ပြီး မူလတန်းအောင်မြင်ထားသူတိုင်း တတ်ရောက်ခွင့်ရမည့် စားရိတ်ငြိမ်းသင်တန်း စတင်ခေါ်ယူ
------ ------ ------ ------ ------
အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ပူးပေါင်း၍ အသက် ၁၈ နှစ်မှ ၄၀ အတွင်း မူလတန်းအောင်မြင်ပြီးသူတိုင်း တတ်ရောက်နိုင်မည့်သင်တန်း မေ ၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းသားများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အုတ်စီကျွမ်းကျင်သင်တန်း၊ သံချီသံကွေးသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပြီး အိမ်ထောင်မရှိသေးသူများ တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၃ လဖြစ်ပြီး သင်တန်းကာလအတွင်း စားသောက်နေထိုင်စရိတ် အခမဲ့စီစဉ်ပေးမည်ဟု သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေ ၂ ရက်မှ စတင်၍ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်သော်လည်းကောင်း ဖုန်း-၀၉ ၄၄၈၅၃၆၂၀၀၊ ၀၉ ၇၉၁၃၇၁၂၇၄၊ ၀၉ ၂၅၀၃၇၇၁၈၈ သို့ဆက်သွယ်၍သော်လည်ကောင်း အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

News Watch

No comments:

Post a Comment