Saturday, June 25, 2016

မိုးကြိုးပစ်လို့ စက်ကွင်းမိသဖြင့် နွားတစ်ကောင်သေဆုံးခဲ့


နန့်ကျဲချောင်းကမ်းအနီး 
သူရောင်း-ဖောင်းပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးကြိုးပစ်ရာမှ စက်ကွင်းမိသဖြင့်
နွားတစ်ကောင်သေဆုံးခဲ့
မော်လူး ဇွန် ၂၆
@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးဒေသ သူရောင်းကျေးရွာအုပ်စု
နန့်ကျဲချောင်းကမ်းအနီး သူရောင်း-ဖောင်း
ပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးခြိမ်း လျှပ်စီးလက်ရာမှ ခိုင်းနွားတစ်ကောင်မှာသေဆုံးခဲ့ကြောင်းသိရသည်
ဖြစ်စဉ်မှာ ဇွန် ၂၆ရက်နံနက်၅နာရီခွဲအချိန်ခန့်ကမော်လူးကျေးရွာ
အုပ်စု မင်းသာကျေးရွာနေ ဦးဇော်ထက်(၃၅)နှစ်(ဘ)ဦးခင်ဇော် တောင်သူမင်းသာကျေးရွာနေသူသည် နန့်ကျဲချောင်းကမ်း အနီး သူရောင်း-ဖောင်းပြင်ကွင်း အမှတ်(၅၇၀)ဦးပိုင်အမှတ်၅၇/၁တွင်လယ်ထွန်နေစဉ် မိုးခြိမ်းလျှပ်စီးလက်ရာမှ မိုးကြိုးလျှပ်စစ်စက်ကွင်းမိသဖြင့် ဦးဇော်ထက်မှာနေရာတွင်ထိုင်လျက်အနေအထားဖြင့် ၅မိနစ်ခန့်သတိလစ်ခဲ့ပြီး သတိပြန်ရချိန်တွင် အသက်(၁၀)နှစ်ခန့်ရှိ နွားဝါ ဘယ်ဘက်အတိုင်မှနွားထီးတစ်ကောင်လျှာထွက်လျက်သေဆုံးနေကြောင်း
ဦးဇော်ထက် မှာထိခိုက်မှုဒါဏ်ရာတစ်စုံတစ်ရာမရရှိသော်လည်းဦးခေါင်းပိုင်း တွင်အနည်းငယ်နာကျဉ်ခဲ့သဖြင်
့ မော်လူးတိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသခံယူလျက်ရှိကြောင်း
သိရသည်
``ဒီမနက်၅နာရီခွဲလောက်က လယ်ထွန်နေတဲ့အခါ မိုးခြိမ်းပြီး လျှပ်စီးလက်တော့
ဗြုန်းကဆို ၅မိနစ်လောက် သတိလစ်ပြီး ထိုင်လျက်သားဖြစ်သွားတာပါ သတိရလို့ ကြည့်လိုက်တော့ (၁၀)မိုးလောက်ရှိတဲ့ နွားဝါနွားထီးတစ်ကောင်ကတော့လျှာထွက်ပြီးသေနေတာကိုတွေရပါတယ်
ကျွန်တော်ခေါင်းပိုင်က နာကျင်ကိုက်ခဲလို့
မော်လူးတိုက်နယ်ဆေးရုံမှာတက်ရောက်ကုသခဲ့ပါတယ် နွားတစ်ကောင်ကသေခဲ့လို ကျန်တဲ့တကောင်နဲ့ဘယ်
လိုမှထွန်လို့မရတော့ပါဘူး ကျွန်တော်တို့တစ်အိမ်လုံးမှာလည်းဒီနွားတစ်ကောင်
ဘဲကျန်တော့တာပါ အခုကျန်တဲ့နွားက လည်းဘာတွေဖြစ်လာမလဲ ကျန်းမာရေး
ကဘယ်လိုရှိနေမယ်ဆိုတာမပြောတပ်တော့ပါဘူး´´ဟု မင်းသာကျေးရွာနေ
တောင်သူဦးဇော်ထက်မှပြောပြသဖြင့်သိရသည်
Cyclone

No comments:

Post a Comment