Friday, July 29, 2016

လာပြန်ပြီတစ်မျိုး ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်တဲ့



ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်

ရန်ကုန်၊ ဇူလိုင် ၂၂

ပညာရေးဝန်ကြီးဌာနလက်အောက် အခြေခံနှင့် အဆင့်မြင့်ပညာဆရာ၊ ဆရာမတိုင်းကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စတင်ပြီး လေးနှစ်သက်တမ်းရှိ သင်ကြားခွင့်လိုင်စင်များ ရယူရန် စတင်သတ်မှတ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

လေးနှစ်တစ်ကြိမ် သက်ဆိုင်ရာ သင်ကြားရေး ဘာသာရပ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးမှသာ ဆက်လက်သင်ကြားခွင့် လိုင်စင်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး မြှင့်တင်မှုနှင့် ဆရာအခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ၌ ပညာရေး သုတေသန ဦးစီးဌာနက တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအစီအစဉ်ကို ဝန်ကြီးဌာနကို အရင်တင်မယ်။ ပြီးရင်လွှတ်တော်တင်မယ်။ ဒါမှအကောင်အထည် ဖော်လို့ရမှာ” ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်သူ ကျောင်းဆရာမတစ်ဦးက The Voice သို့ပြောကြားသည်။

ယင်းအရည်အချင်းစစ် စာမေးပွဲများတွင် မကျဆုံးရှုံးစေရန် အစိုးရ သင်တန်းများသာမက ပြင်ပသင်တန်းများကို ဆရာ၊ ဆရာမများဘက်က ပိုအားကိုးလာမည်ကို စိုးရိမ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ “အမြဲတမ်း စာပြန်ကြည့်နေရမှာ ဖြစ်လို့ဆရာတွေ အရည်အချင်း တိုးတက်မှုတော့ ရှိမှာပေါ့” ဟု အထက်တန်းပြ ဆရာမတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဆရာများ အရည်အသွေး တိုးမြှင့်ရေးအတွက် ပညာရေးဝန်ကြီးဌာနကပေးသော သင်တန်းများ တက်ရောက်ရုံနှင့် မလုံလောက်ဘဲ ပြင်ပသင်တန်းများကို ထပ်မံအကူအညီယူရပါက ပိုမိုအခက်အခဲ ဖြစ်လာနိုင်ကြောင်း ရန်ကင်းပညာရေး ကောလိပ်မှ အင်္ဂလိပ်ဘာသာသင် ဆရာမတစ်ဦးက ဆိုသည်။

ယင်းအပြင် နိုင်ငံတကာပညာရေးအဖွဲ့ (EI) ပညာရှင်များ ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာစဉ် ဆရာ၊ ဆရာမများကို လစာနှင့် ခံစားခွင့်များ၊ ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုများကြောင့် ဆရာအရည်အသွေးများ ကျဆင်းရခြင်း ဖြစ်ကြောင်းကို သုံးသပ်ပြောကြားဖူးသည်။

( The Voice Weekly) 
Credit
 — feeling ဆရာတွေ စာပဲ မသင်နေနဲ့ စာကြည့်ကြအုန်းနော်.

No comments:

Post a Comment