Saturday, August 27, 2016

ဒို့ဝန်ကြီးချုပ်ကတော့ ပြောပြန်ပြီတစ်မျိုး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို



ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို
Byသတင်းအဖွဲ့On  Sat, 2016-08-27 06:30Locationရန်ကုန်Issue No.No.1193 Saturday, August 27, 2016
ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ အုပ်)များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များက တိုက်ရိုက်ကွပ်ကဲ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူအ ချို့က ပြောသည်။

ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဦးစိုးညွန့်လွင်က ‘‘ထွေအုပ်ကို အစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ဆိုတာ ညွှန်ကြားချက်တွေ ထွက် ပေါ်လာပြီ။ မကြာခင် အကူးအပြောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု သြဂုတ် ၂၆ ရက် က တောင်ကြီးမြို့

မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး လေးဦးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ၌ သတင်းထောက်များ ၏ မေးမြန်းမှုကို ဖြေကြားသည်။



‘‘ထွေအုပ်ဝန်ထမ်းတွေကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့လက်အောက် လွှဲပြောင်း တယ်ဆိုတာ ဟုတ်ပါတယ်။ ညွှန် ကြားစာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအားလုံး ပေး ပို့ထားတာရှိပါတယ်’’ဟု စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်က ပြောကြားသည်။

ယင်းညွှန်ကြားစာ ထွက်ရှိ လာခြင်းသည် သြဂုတ်လဆန်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားထားခြင်းဖြစ်ပြီး မကြာ မီအချိန်အတွင်း ပြည်သူလူထု အား အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနက ဆက်ဆံပုံများ ပြောင်း လဲရန်နှင့် ပြောင်းလဲမှုမရှိသည့် ဗျူရိုကရက်ဝန်ထမ်းများအား အ ရေးယူမည်ဟု ဦးစိုးညွန့်လွင်က ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနသည် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ခံထားသည့် ရုံးအ ဖွဲ့တစ်ခုသာ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနတစ်ခု အောက်၌ ဖွဲ့စည်းထည့်သွင်း ထားရှိမည်ဟု ၎င်းက ဆက်ပြော သည်။

‘‘ဘယ်ဝန်ကြီးဌာနအောက် မှာ ထည့်သွင်းဖွဲ့စည်းသင့်သလဲ ဆိုတာတော့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ကက်ဘိနက်အစည်းအဝေး ထိုင်ပြီးတော့ ဆုံးဖြတ်သွားမှာဖြစ် ပါတယ်’’ဟု ဦးစိုးညွန့်လွင်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီးနှင့်ပြည် နယ်များမှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများကို တိုင်းအစိုးရ အဖွဲ့ ၀န်ကြီးချုပ်၏ စီမံခန့်ခွဲမှု အောက်သို့ လွှဲပြောင်းခြင်းဖြစ် သည်ဟု မန္တလေးတိုင်းအစိုးရအ ဖွဲ့မှ ၀န်ကြီးတစ်ဦးက ပြောသည်။ အဆိုပါညွှန်ကြားစာများသည် ယခုတစ်ပတ်အတွင်း ရောက်ရှိ ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အဆိုပါဌာနများမှ ၀န်ထမ်းများ၏ ရာထူးတိုး၊ အ ပြောင်းအရွှေ့ စသည့် ကိစ္စရပ် များကိုမူ လတ်တလောတွင် ပြည် ထဲရေးဝန်ကြီးဌာနအောက်၌သာ ထားရှိမည်ဟု ၎င်းက ဆိုသည်။

တိုင်းနှင့်ပြည်နယ်အစိုးရအ ဖွဲ့များတွင် ၀န်ထမ်းများနှင့်ပတ် သက်သည့် အချက်အလက်မှတ် တမ်း (Data Center)များ ထားရှိ ပြီးချိန်၌ ရာထူးတိုးနှင့်အပြောင်း အရွှေ့ကိစ္စများကိုပါ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များက စီမံ ဆောင်ရွက်လာနိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအပြောင်းအလဲသည် ကောင်းမွန်သော အပြောင်းအလဲ ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များအတွက် လုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် ပိုမိုထိ ရောက်ကောင်းမွန်လာမည်ဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

‘‘အစ်မတို့ကတော့ ထွေအုပ် ကို အစိုးရလက်အောက်မှာ တိုက် ရိုက်ထားရင် အရမ်းကောင်းသွား မယ်လို့ မြင်တယ်။ နဂိုက ထွေ အုပ်က ၀န်ကြီးဌာနအောက်မှာ မ ဟုတ်ဘဲ သီးသန့်ရှိနေတယ်ဆို တော့ ပြည်သူတွေအတွက်ရော အရပ်ဘက်အဖွဲ့အစည်းတွေအ တွက်ပါ အဆင်မပြေဘူး’’ဟု တောင်ကြီးအခြေစိုက် ချယ်ရီပုံ ရိပ်အဖွဲ့မှ ဒေါ်ချိုမြဦးက ပြော သည်။

သို့သော်ပြည်ထဲရေးဝန်ကြီး ဌာန အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ညွှန်ကြားရေးမှူး (စီမံ)ဦးရဲနိုင်ကမူ တိုင်းနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏  တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု ယခင်ကလည်း မကြာခဏသတင်းများထွက်ပေါ် ခဲ့ပြီး ယခုအချိန်အထိ ထိုသို့မူဝါဒ ပြောင်းလဲမှု မရှိသေးကြောင်း ပြောသည်။

‘‘ပြီးခဲ့တဲ့ အစိုးရလက်ထက် ကလည်း အဲဒီလိုသတင်းထွက်ခဲ့ သေးတယ်။ ပြည်ထဲရေးအောက် ကနေ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရဲ့ တိုက်ရိုက်အုပ်ချုပ် မှုအောက်ထားရှိမယ်ဆိုပြီးတော့ လေ။ အဲဒီအတွက် ပြောကြဆို ကြတာရှိတယ်ဆိုပြီး အဲဒီကတည်းက ကြားတယ်။ အခုအစိုးရစ တက်တော့လည်း အဲဒီသတင်း ထပ်ထွက်လာသေးတယ်။ အခုကနောက်တစ်ကြိမ်ထွက်လာတာ ပေါ့။ အခုထိတော့ အဲဒါနဲ့ပတ် သက်လို့ ကျွန်တော်တို့ဆီက စီစဉ် တာမရှိသေးသလို ညွှန်ကြားတာ၊ စာထုတ်တာလည်း မရှိသေးပါ ဘူး’’ဟု ဦးရဲနိုင်က ပြောသည်။

No comments:

Post a Comment