Thursday, September 1, 2016

မဲဇာအောင်လံသတင်းက မော်လူးညောင်ပင်သာကို ဆေးထိုးခဲတာလား တကယ်လား?



မဲဇာဒေသအောင်လံ သတင်း
၁၃၇၈ ခုနှစ် ဝါခေါင်လကွယ် 1-9-2016

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကျောင်းကုန်းရွာ
ဘုန်းတော်ကြီးကျောင်း နောက်ဆက်တွဲ
*********************************************************
ယနေ့ညနေ ၅ နာရီ ဆက်သွယ်မေးမြန်းချက်အရ ဦးသဇ္ဇနမှ လူမိုက်မွေးထားသော ဦးပဉ္စင်း နှစ်ပါးမှာ မော်လူးညောင်ပင်သာ သို့ ကြွသွားပြီးဟု သိရပါသည်။

ဦးသဇ္ဇနမှာ ယမန်နေ့မှ ကျောင်းကုန်းရွာသို့ ရောက်ရှိလာပြီး ဦး ထွန်းဝင်းဘုန်းတော်ကြီးကျောင်း(အိမ်)၌ သီတင်းသုံးလျက် မည်သို့မည်ပုံ ဆက်လက်ကာ ကျောင်းလုရမည်ကို ရွာသား ဦးထွန်းတို့အဖွဲ့နှင့် တိုင်ပင်ကြံစည်နေကြသည်ဟု သိရပါသည်။

အကယ်၍ အကြမ်းဖက်သည့်နည်းဖြင့် လုမည်ဆိုပါက အိမ်ခြေ
၁၄၁ အိမ်အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်ပါသည်။

ခရိုင်နှင့်မြို့နယ် အဖွဲ့စည်းများကလည်း လူစုလူဝေးနှင့် ကျောင်း
ဝင်းအတွင်း မနေကြရန်ကို မှာကြားထားသည့်အတွက်ကြောင့် လူစုခွဲကာ ဘုန်းတော်ကြီးကျောင်းကို စောင့်ရှောက်နေကြ သည် ဟု သိရပါသည်။

ဒီနေ့မှာ ခယကရုံးမှ အနည်းစု အများစု နှစ်ဖွဲ့လုံးမှ တစ်ဖက်
သုံယောက်စီ ခေါ်ယူစစ်ဆေးမေးမြန်းသည်ဟု သိရပါသည်။

---------------
ဘာတွေလဲ  အထုပ်ထဲ  မော်လူးညောင်ပင်သာကို  ဆွဲပြန်ပြီ

No comments:

Post a Comment