Sunday, September 18, 2016

ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ



ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ

*********

ပဋ္ဌာန်းမှာ အသံထွက်လေးတွေ မှားနေတာကို အများအားဖြင့်
အသံထွက်ကို သတိမထားပဲ လွယ်လွယ်ပူဇော်နေကြပါတယ်။

သတိထားပူဇော်ရမယ့် အမှားလေးတွေက—

ငါးပါးသီလယူရာမှာ အဟံဘန္တေ တိသရဏေနသဟ …
(၁) ပဉ္စသီလံမှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။

(၂) ဓမ္မံ ယာစာမိမှာ “ဓမာ ယာစာမိ” လို့ အသံမှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)

(၃) ဒုတိယမ္ပိ,တတိယမ္ပိမှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီမှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့အသံကို “မိ” လို့ မှားယွင်းစွာ အသံထွက်နေကြပါတယ်)။

(၄) အဒိန္နာဒါနာမှ – “အဒိန်န ဒါန” ဆိုပြီးရေးချ( –ါ )သံ ပျောက်နေကြပါတယ်။
(“အဒိန်နာ ဒါနာ” ဆိုပြီး ရေးချ သံလေးကိုသတိထား ပူဇော်စေလိုပါတယ်)။

ပဋ္ဌာန်းပူဇော်ရာမှာလည်း —အသံကို ဆွဲ မပူဇော်ရပါ။
(း ) ဝစ္စနှစ်လုံးပေါက်သံ မပါရပါ။

ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ” ပြစ်စယောတိ” မဟုတ်ပါ။)
“ပစ်စယော” သာဖြစ်ပါတယ်။ ပြစ်ဆိုတဲ့(ြ ) ရရစ်သံမပါရပါ။

တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကို — တံသမုဋ္ဌာနာ”နင်း..စ” ဆိုပြီး
(း ) ဝစ္စနှစ်လုံးပေါက်သံနဲ့အသံကို ဆွဲဆိုနေကြပါတယ်။
(“နင်စ” ဟုသာ ပူဇော်ပါရန် ဖြစ်ပါတယ် )။

ဟေတုပစ္စယေန ပစ္စယော ပါ- ဟေတု ” ပြစ်စယေးန ပြစ်စယော” မဟုတ်ပါ။
(“ပစ်စယေန ပစ်စယော” ပါ )။

(“ယေး..န,နင်း..စ” ဟု အသံဆွဲမဆိုရပါ)။

အဲဒီမှာ ဆွဲဆိုတဲ့သူတွေကများတော့ အသံထွက် အမှန် ပူဇော်သူရဲ့ အသံက ငုပ်သွားပါတယ်။

ရူပါယတနံမှာ— ( ရ – ရကောက် ) သံပူဇော်ရင် (Ra) အသံထွက်အောင် လျှာကို လိပ် ပူဇော် ရပါမယ်။

(ယ – ယပက်လက်) သံကိုတော့ (Ya) သံဖြစ်တဲ့အတွက် လျှာမလိပ်ရပါ။

ဖောဋ္ဌဗ္ဗာယတနံမှာ– “ဖွတ်ထဗာ ယတနံ” ပါ။
(ဖောထဗ)မဟုတ်ပါ။ “ရေးချသံ” ပါရပါမယ်။

အခုလိုစနစ်တကျ ပူဇော်တတ်ရန် သင်ပြပေးသော ဆရာသမားများအားဤနေရာမှ ဦးခိုက်ပူဇော်ပါသည်။
စနစ်တကျပူဇော်တတ်ရန်-စေတနာ မေတ္တာဖြင့်

Credit: ဒေဝီခင်

No comments:

Post a Comment