Saturday, October 29, 2016

ကြည်လင်ရွှင်ပြအိပ်ရာမှ နိုးထစေဘို့ ဆောင်ရွက်စို့



City Care Health & Beauty Store Myanmar
"ညညအိပ်မပျော်တဲ့အခါ မနက်ခင်းနိုးထမှုတိုင်းမှာ စိတ်ကိုမကြည်မလင်ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်တွေလည်း ကျဆင်းစေတယ်လေ။ ဒါ့ကြောင့်မို့ အိပ်စက်အနားယူတဲ့အချိန်မှာ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ဘယ်မျိုးဆောင်ရွက်ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါရစေ…
၁။ “လျှင်မြန်စွာအိပ်ပျော်စေနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ” 
- ညနေဘက်မှာ ရေချိုးပေးရပါမယ်။ (ညနေဘက် ရေချိုးခြင်းဟာဆိုရင် တစ်ကိုယ်ရည် သန့်ရှင်းမှုသာမက တစ်နေ့တာပင်ပန်းမှုတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို အေးမြစေကာ ကောင်းစွာအိပ်ပျော်စေရန် ကူညီပေးပါတယ်။)
- လွတ်လပ်ပေါ့ပါးသော အ၀တ်အစားများဝတ်ဆင်၍ အိပ်ယာဝင်ပါ။ 
- သက်တောင့်သက်သာရှိစေမယ့် မိမိနဲ့သင့်တော်မယ့် ခေါင်းအုံးအမျိုးအစားကို အသုံးပြုပါ။ 
- အိပ်ယာမ၀င်ခင် ၁ နာရီ (သို့) ၂ နာရီလောက် မီးအလင်းရောင်ကို အတတ်နိုင်ဆုံးလျော့ချထားပါ။
- သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ သီချင်းအေးအေးလေးတွေဖွင့်ပြီးအိပ်ခြင်းကလည်း ပိုမိုလျှင်မြန်စွာအိပ်ပျော်စေပါတယ်။ 

၂။ “တစ်နေ့တာ စားသောက်မှုကို စီမံခန့်ခွဲခြင်း”
- အိပ်ယာမ၀င်ခင် အနည်းဆုံး ၃ နာရီလောက်ခွာပြီး ညစာကို စားသင့်ပါတယ်။
- အစာအိမ်ထဲမှာ အစာလုံးဝမရှိအောင် အစာမစားပဲ အိပ်ခြင်းမှ ရှောင်ကျဉ်ရပါမယ်။ 
- Caffeine ဓာတ်ပါဝင်သော အစားအစာတွေကို ညနေပိုင်းနဲ့ ညအိပ်ယာမ၀င်ခင်အချိန်တွေမှာ စားသောက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။
- နွားနို့ပူပူလေးတစ်ခွက် (သို့) Chamomile Tea (သို့) Herbal Tea (Caffeine ဓာတ်မပါဝင်သော) စတာတွေကို ညအိပ်ယာဝင်ချိန်မှာ သောက်သုံးနိုင်ပါတယ်။
- အိပ်ချိန်မရောက်ခင် ၁ နာရီအလိုမှာ ရေနဲ့ အခြားသောက်စရာတစ်ခုခုကို သောက်သုံးခြင်းမှ ရှောင်ကျဉ်ရပါမယ်။
- Nightcap (Beer နဲ့ Alcohol) တွေကို ညအိပ်ယာဝင်ချိန်မှာ သောက်ခြင်းမှ ရှောင်ကျဉ်ရပါမယ်။ Beer နဲ့ Alcohol ဟာ သင့်ရဲ့ မနက်တာနိုးထမှုကို မအီမသာဖြစ်စေပါတယ်။"
#Health_Tip #City_Care

No comments:

Post a Comment