Saturday, December 3, 2016

ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးတယ်ဆိုဘဲ


မော်လူးကျေးရွာတွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြော
မော်လူး၊ ဒီဇင်ဘာ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယစ်မျိုးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၁နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ဒုဦးစီးမှူး ဦးစိုးထိန်ဝင်း၊ အင်းတော်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဋ္ဌာန၊ မြို့နယ်စည်ပင်ဦးစီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ယစ်မျိုးထုတ်လုပ် ရောင်းချသူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ စုစုပေါင်းအင်အား ၇၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။ 

ယစ်မျိုးဆိုင်ရာ ဥပဒေများကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အထောက်အကူပြုပစ္စည်း ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။ နေ့လည် ၁၂ အချိန်ခန့်တွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြီးဆုံးခဲ့သည်။

CD>>Khin Swe

No comments:

Post a Comment