Tuesday, December 27, 2016

ကိုယ့်သားရဲ့ဇနီးကိုချွေးမလို့ခေါ် ဘာလို့ခေါ်တာလဲ



လူတွေက ဘာလို့ကိုယ့်သမီးရဲ့ယောက်ျားကို သားမက် ကိုယ့်သားရဲ့ဇနီးကိုချွေးမလို့ခေါ်တာလဲ အရင်ကသိပ်နားမလည်ဘူး
မနက်ကအစောကြီးနိုးလို့တရားခွေလေးဖွင့်နာမှ ပဲသိတော့တယ်

သားမက်လို့အဘယ့်ကြောင့်ခေါ်တာလဲဆိုတော့
ကိုယ့်သားထက် ကိုယ့်အပေါ်မှာပိုရိုသေ ပိုလေးစားပြီး ကိုယ့်သားအရင်းထက် ပိုပြီး ကိုယ့်ကိုယုယကြင်နာစွာပြု စုလုပ်ကျွေးတဲ့အတွက် ကိုယ့်သားအရင်းထက်ပိုမက်စရာကောင်းလို့ သားမက်လို့ခေါ်ရခြင်းဖြစ်ပါတယ်တဲ့ခင်ဗျာ
ဒါဆိုရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ သားမက်အစစ်ဘယ်ရှိမယ်ထင်သလဲ?

ချွေးမလို့ခေါ်ရခြင်းအကြောင်းကတော့
ကိုယ့်သားကသူနဲ့လက်မထပ်ခင် သားရဲ့ဝေယျာဝစ္စမှန်သမျှကိုအမေက ချွေးတစ်လုံးလုံးနဲ့ပြုလုပ်ပေးရတာပေါ့ သားနဲ့လက်ထပ်ပြီးချိန်တဲ့အခါသူမက ကိုယ့်သားရဲ့ဝေယျာဝစ္စသာမက တစ်အိမ်လုံးမှာရှိတဲ့အမေလုပ်ခဲ့တာမှန်သမျှ ဝင်ရောက်လုပ်ကိုင်ပေးတယ် ဒါကြောင့် အမေဟာ သက်သက်သာသာနေရပြီး အရင်လိုချွေးတစ်လုံးလုံးဘဝကလွပ်ကင်းသွား တယ် ဒီလိုချွေးတစ်လုံးလုံးဘဝက လွတ်ကင်းအောင်မတင်ခဲ့လို့ ချွေးမလို့ ခေါ်ရတာပါတဲ့ခင်ဗျာ

ကဲ ဒါဆိုရင်ကောကျွန်တော်တို့ပတ်ဝန်းကျင်မှာ ချွေးမအစစ်ဘယ်လောက်ရှိမယ်ထင်လဲ?.

မူရင်း ပိုစ့်ပိုင်ရှင်အား credit ပေးပါ၏

No comments:

Post a Comment